[Unicode]
5 August 2006
ဒီနေ့က ရိပေါ့်မွေးနေ့ဖြစ်တာမို့ ရှောင်းကျန့်ကိုယ်တိုင် ကိတ်မုန့်ဖုတ်ဖို့ ကြိုးစားနေခဲ့တာ ။ နေ့တစ်ဝက်ခွင့်ယူပြီး super market ကနေ လိုအပ်တဲ့အမယ်တွေဝယ်လို့ နေ့လည်နှစ်နာရီလောက်တည်းက ကြိုးစားပြီး လုပ်နေခဲ့ပေမယ့် ညနေလေးနာရီကျော်အထိ ထွက်လာတဲ့ကိတ်မုန့်ကို စိတ်တိုင်းမကျသေး ။ အတွင်းသား နည်းနည်းတူးသွားတာရော ၊ ဒါမျိုး ပထမဆုံးအကြိမ်လုပ်ဖူးတာမို့ အလှဆင်တာမှာ မကျွမ်းကျင်သေးတာရောနဲ့ စိတ်တိုင်းတကျထွက်မလာတဲ့ကိတ်မုန့်ကိုကြည့်ရင်း ရှောင်းကျန့် တစ်လုံးလောက် အရန်အနေနဲ့ အပြင်ထွက်ဝယ်ဖို့ စဉ်းစားမိတယ် ။
ကိတ်မုန့်အော်ဒါတင်ဖို့ ရွေးနေတုန်း မနက်ကတည်းက ဆက်တိုက်မြည်နေတဲ့ဖုန်းသံက ထပ်ထွက်လာပြန်တယ် ။ ရှောင်းကျန့် စိတ်အလိုမကျမှုတွေနဲ့ မျက်ခုံးတွေ တွန့်ချိုးသွားရတယ် ။ ဒီမိန်းမက တကယ်ကိုပြဿနာပါပဲ ။
ဝမ်ယဲ့ယဲ့က မနက်ကတည်းကစ သူ့ဆီဖုန်းတွေဆက်နေခဲ့တာ ။ အစကတော့ နံပါတ်အစိမ်းဖြစ်နေတဲ့အပြင် ရှောင်းကျန့်ကလည်း ဖုန်းထဲဝမ်ရိပေါ်ဖုန်းနံပါတ်အပြင် မှတ်မထားတတ်တဲ့သူဆိုတော့ ဂျူနီယာတစ်ယောက်ယောက် ဒါမှမဟုတ် အသိတစ်ယောက်ယောက်ထင်ပြီး ကိုင်လိုက်မိတာ ။ ဝမ်ယဲ့ယဲ့ဖြစ်နေလိမ့်မယ်လို့ ဘယ်သူကထင်ခဲ့မှာတဲ့လဲ ။ ဆက်သွယ်လို့ရတဲ့နေရာမှန်သမျှကနေ block ထားခဲ့တာကို ၊ ခြောက်နှစ်အကြာမှ ဖုန်းနံပါတ်အသစ်နဲ့ လာဆက်သွယ်တဲ့ဝမ်ယဲ့ယဲ့ရဲ့အတွေးတွေကို ရှောင်းကျန့်နားမလည်သလို ၊ နားလည်ဖို့လည်း စိတ်မဝင်စားခဲ့ဘူး ။
ရိပေါ်ကလေးရဲ့မွေးနေ့ဖြစ်နေတဲ့အပြင် သူ့ကလေးက ဒီရက်ပိုင်းအတော်လေး စိတ်အခြေအနေမကောင်းဖြစ်နေတာမို့ ပျော်အောင်လုပ်ပေးဖို့ပဲ ရှောင်းကျန့်ခေါင်းထဲပြည့်နေခဲ့တာ ။ အဲဒါကြောင့် စိတ်တော့ရှုပ်သွားပေမယ့် ဖုန်းနံပါတ်ကိုပဲ ထပ် block ပြီး ဝယ်စရာရှိတာ ဝယ်ခြမ်းလို့ ဆေးရုံကနေ အိမ်ကိုစောစောပြန်လာခဲ့တာပဲ ။ မလျော့သောဇွဲနဲ့ ဆက်သမျှဖုန်းတွေအကုန်ကို block နေတာတောင် အသစ်တစ်လုံးပြီးတစ်လုံးနဲ့ ထိုင်ဆက်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး ။
YOU ARE READING
A Tale Of Not A Fairy Tale || Completed