[Unicode]
နွေဦး ရောက်လာပြီမို့ မေပယ်လ်ရွက်တွေ ကျောင်းဝန်းထဲမှာ ပြည့်နေတယ် ။ ဆောင်းရာသီရဲ့ အေးစက်မှုတွေကလည်း နေရောင်နွေးနွေးထဲမှာ မှိန်ဖျော့ပျောက်ကွယ်သွားခဲ့ ။ နွေဦးရဲ့ အငွေ့အသက်ဟာ တကယ်ကို လတ်လတ်ဆတ်ဆတ် ။ မကြာခင်မှာ ကျောင်းတွေလည်း ပိတ်တော့မယ် ။
"အန်တီ~! အဲလောက် အများကြီး မထည့်နဲ့လေ! ရိပေါ် ကလေးက အာလူးနဲ့ မတည့်ဘူး ။ ဂျုံလည်း အများကြီး စားလို့ မရဘူး ။ ရင်ပြည့်ပြီး ပြန်အန်လိမ့်မယ် ။ စေတနာကို နားလည်ပေမယ့်... "
သောကြာနေ့ နေ့လည်ခင်းတွေမှာ ကန်တင်းတစ်လျှောက် ရှောင်းကျန့်အသံက တဆာဆာ ။ ဟိုဟာမထည့်နဲ့ ၊ ဒီဟာ လျှော့ထည့်နော်နဲ့ အော်ပရေးရှင်းခန်း မဝင်ရတဲ့နေ့တွေမှာဆို ဝမ်ရိပေါ့်အနား အုပ်ထိန်းသူကြီးလိုပဲ ။
ရှောင်းကျန့်ကို တစ်ဖက်သတ်သဘောကျရတဲ့ မိန်းကလေးတွေကတော့ ဝမ်းနည်းပြုံးကြီးနဲ့ စနောက်ကြတယ် ။ ရှောင်းကျန့်ဘေးနားမှာ အဖိုးတန်လေးတွေက တစ်ယောက်မဟုတ် တစ်ယောက်ရှိနေတာပဲ ၊ သူတို့အတွက် ဘယ်တော့မှ နေရာမလွတ်တော့ဘူးထင်တယ်တဲ့ ။
ညိုဖျော့ဖျော့ ဆံပင်လေးတွေရယ် ၊ ခပ်ပွပွအင်္ကျီတွေထဲ မြုပ်နေတဲ့ကောင်လေးက တကယ်ကို ကလေးလေးလိုပဲ ။ အရာအားလုံးနဲ့ ရင်းပြီး ကာကွယ်ပေးချင်စရာလေး ။ သိုသိုသိပ်သိပ်လေးနဲ့မို့ သူတို့ရှာမတွေ့ခဲ့တဲ့ ရတနာလေးကို ရှောင်းကျန့်က တူးသွားခဲ့ပြီ ။
နွေးထွေးတဲ့ စိတ်ထားလေးနဲ့ အေးစက်စက်မျက်နှာဖုံးကို တပ်ထားတဲ့ အဲကလေးကို ကြည့်ပါဦး ။ ရှောင်းကျန့်က ခေါင်းကိုခပ်ဖွဖွပုတ်ပြီး ပြုံးပြလိုက်တာနဲ့ နားရွက်ဖျားလေးတွေ ရဲလာတော့တာ ။ သဘာဝကျကျနဲ့ အပိုတွေမပါတဲ့ ရှက်ရွံ့မှုလေးတွေက သိပ်ကိုချစ်ဖို့ကောင်းပါတယ် ။ မာယာမပါတဲ့နွံတွေဟာ ထိတွေ့မိသူဖို့ ရုန်းထွက်စရာ နယ်မြေမရှိခဲ့ ။
***
ကံကောင်းခြင်းတွေက ချစ်ခြင်းမေတ္တာလိုပဲ တံခါးမခေါက်ဘဲ ရောက်လာတတ်ပါတယ် ။ ရုတ်တရပ်ဆန်မှုတွေက အဝါရောင်တွေချည်း ခြယ်ပစ်ခဲ့တာ ။
![](https://img.wattpad.com/cover/271474238-288-k260949.jpg)
YOU ARE READING
A Tale Of Not A Fairy Tale || Completed