Tell Me You Love Me

1.2K 110 7
                                    

[Unicode]

15 July 2006

ရေချိုးခန်းထဲက ထွက်လာပြီး ရှောင်းကျန့်အကျင့်ပါနေတဲ့အတိုင်း ဝမ်ရိပေါ်ရဲ့ပေါင်ပေါ်ကို ခေါင်းဝင်တိုးအိပ်လိုက်တော့ ဖတ်နေတဲ့ဆေးစာအုပ်ကို ကိုင်ထားတဲ့လက်ချောင်းသွယ်သွယ်တွေဟာ စာအုပ်ကိုဘေးချပြီး သူ့ဆံပင်တွေထဲဖြတ်ပြေးလို့ ခပ်ဖွဖွနှိပ်ပေးလာတယ် ။ ရှောင်းကျန့်ရဲ့ ပင်ပန်းမှုကြောင့် ထိစပ်နေတဲ့မျက်ခုံးတွေကလည်း တဖြည်းဖြည်းပြေလျော့လာခဲ့တယ် ။

"နားပါဦးကောရယ် ။ ကြာရင် ဒဏ်ဖြစ်တော့မှာပဲ ။"

တစ်ပတ်ကို ပျမ်းမျှအိပ်ချိန် နာရီ ၃၀ ကျော်လောက်ပဲရှိတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်မှာလည်း စိတ်မအေးနိုင်တော့ဘူး ။ နှလုံးအထူးကုဖြစ်ဖို့ မဟာတန်းတက်ရင်း အားရင်အားသလို ခွဲခန်းထဲပြေးပြေးဝင်သွားတတ်တဲ့အဲလူက ဗိုက်ဆာဖို့ကို မေ့နေတတ်ပြီး အိပ်ဖို့ကိုလည်း လုံးဝသတိမရသလိုမျိုး ။ နောက်ဆုံးတော့ လျော့လုပ်ဖို့ ဖြောင်းဖြရတော့တာပဲ ။ ဒီလူက သဘောကျတဲ့အရာ​ကို လုပ်ရမယ်ဆို အမြဲကိုအကန့်အသတ်မဲ့နေတော့တာ ။ တကယ်ကို အလုပ်ဂျပိုးပါပဲ ။

"အင်း ။ ကလေးစကား ကိုယ်နားထောင်ရမှာပေါ့ ။"

ရှောင်းကျန့်က မျက်လုံးမှိတ်ထားပြီး လက်သွယ်သွယ်လေးတွေရဲ့ ပေါက်ရောက်တဲ့နှိပ်နယ်မှုကို ​​​ငြိမ်ခံနေရင်း ဖြေလိုက်တော့ နှုတ်ခမ်းစွန်းတွေကပါ အလိုလိုကော့တက်သွားတယ် ။ သူဟာလေ ၊ အမြဲဝမ်ရိပေါ် သူ့ကို ဝင်စွက်ဖက်ဖို့ကို မျှော်လင့်နေခဲ့တာ ။ တစ်ခြားသူတွေနဲ့ သိပ်ကွာပါတယ် ။ သူ့ကလေးလေးက မချုပ်နှောင်ဘဲ သူ့ဆုံးဖြတ်ချက်တွေကို အရမ်းလေးစားပေးတတ်လို့ တစ်ခါတစ်လေ ရှောင်းကျန့်က ငိုတောင်ငိုချင်တယ် ။ သူက ပိုင်စိုးပိုင်နင်းလုပ်ခံရချင်ပါတယ်ဆိုမှ ။

မသိစိတ်ထဲမှာ အမြဲနှုတ်ခမ်းစူနေရတဲ့ ရှောင်းကျန့်ရဲ့ရာသီဥတုအခြေအနေဟာ သိမ်မွေ့တဲ့ တားမြစ်စကားလေးတစ်ခွန်းကြောင့် ချက်ခြင်းသာယာနာပျော်ဖွယ်ကောင်းသွားရပါတယ်လို့ ပြောရင်ယုံမလား ။

ရှောင်းကျန့်က ဝမ်ရိပေါ်ကို အဲဒီလိုမျိုး သိပ်ချစ်ပါတယ် ။

A Tale Of Not A Fairy Tale || Completed Where stories live. Discover now