You Are My Safe Zone

1.2K 136 15
                                    

*ဖတ်ပြီးသားကြီးဆိုပြီး ကျော်မသွားကြနဲ့နော် TT ။ ဒိုင်ယာနာ ပထမပိုင်းက ခေါင်းစဥ်ဘယ်လိုထည့်ရမှန်းတောင် မသိတဲ့အထိ တိုနေလို့ စာတွေပြင် ၊ အသစ်တွေထပ်ထည့်ထားတယ် ။ စာလုံးရေ တစ်ထောင်ကျော်ကနေ ငါးထောင်ကျော်ဖြစ်သွားပါပြီနော်ယူတို့ ။

[Unicode]

ဝမ်ရိပေါ် ဒီနေ့ကော်ဖီဆိုင်လေးကနေ ခွင့်ယူထားရပြီး အဖြူရောင်တွေ ၊ ရယ်မောသံတွေနဲ့ပြည့်နေတဲ့ garden wedding တစ်ခုထဲ ရောက်နေရတယ် ။ သူ့စိတ်တွေကတော့ ဟိုဟိုဒီဒီလေလွင့်လို့ ။

ဘာလို့ ကောက သူ့အပေါ်အဲ့လောက်အထိ ကောင်းရတာလဲ?

သူ အဲမေးခွန်းကို လွန်ခဲ့တဲ့တစ်နှစ်ကျော်အတွင်း အကြိမ်ကြိမ်စဥ်းစားခဲ့ဖူးတယ် ။ တစ်ညတာ ပတ်သက်မှုအပြီးမှာ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာ အဆုံးသတ်သွားလိမ့်​မယ်လို့ ထင်ခဲ့ပေမယ့် အဲလိုမဟုတ်ခဲ့ဘူး ။ ရှောင်းကျန့်က သူ့ဘဝထဲ တရွေ့ရွေ့တိုးဝင်လာတယ် ။ လွန်ခဲ့တဲ့နှစ်တွေအများကြီးကတည်းက သိကျွမ်းလာသလို ပေါ့ပါးရင်းနှီးမှုမျိုးနဲ့ ။

အချိန်တိုင်း သူ့ခေါင်းထဲမှာပေါ်လာတဲ့အဖြေကို တားဆီးဖို့ သူအတွေးတွေကို အမြဲထိန်းချုပ်ခဲ့ရတယ် ။

သူ့မျက်စိရှေ့မှာ ရှက်ဟန်ဆောင်နေတဲ့ သတို့သမီးကို သတို့သားက ခါးကနေလှမ်းဖက်လိုက်တာကို မြင်နေရတယ် ။ သူ့ဘေးနား ၊ နောက်နားတစ်ဝိုက်မှာတော့ နမ်းပါ ၊ အနမ်းပေးပါနဲ့ အော်သံတွေ ဆူညံလို့ ။ နောက်ဆုံးမှာတော့ သတို့သားဟာ သတို့သမီးရဲ့ နှုတ်ခမ်းကို သူ့နှုတ်ခမ်းနဲ့ ဖွဖွလေးဖိကပ်လိုက်တယ် ။ တအားတန်ဖိုးထားသလို ၊ ပွန်းပဲ့သွားမှာစိုးနေသလို နူးညံ့ညင်သာမှုမျိုးတွေနဲ့ ။

သတို့သမီးမျက်နှာမှာ အပြုံးတွေဖောဖောသီသီ ။ ခေါ်ထားတဲ့မီဒီယာတွေကလည်း အဲဒါတွေကို အပြည့်အဝမှတ်တမ်းတင်နေကြတယ် ။ အခုမင်္ဂလာပွဲမှာ ကောင်းချီးတွေပေးပြီး ပျော်နေကြတဲ့လူတွေလို ဖန်သားပြင်ကတစ်ဆင့် မြင်ရမယ့်သူတွေကလည်း ကြည်နူးကြလိမ့်မယ် ။ အဲလူတွေထဲမှာ ကောတော့ပါမှာ မဟုတ်လောက်ဘူး ။

A Tale Of Not A Fairy Tale || Completed Where stories live. Discover now