I know what you're feeling cause I feel it as well

1.2K 145 6
                                    

[Unicode]

ဒုတိယနှစ်အပြီး နွေရာသီ ကျောင်းပိတ်ရက်မှာတော့ ခပ်နွေးနွေး ၊ ခပ်သေးသေးတိုက်ခန်းလေးတစ်ခန်းဆီ ရိပေါ် ပြောင်းနေခဲ့တယ် ။ အိမ်က ခွင့်ပြုချက်တွေဘာညာလည်း လိုမနေပါဘူး ။ တစ်အိမ်ထဲမှာနေပြီး ပွဲတော်ရက်တွေလောက်ပဲ ထမင်းစားဝိုင်းမှာ စုံကြတဲ့သူတို့အဖို့ သူဒီအိမ်ကနေ တိတ်တိတ်လေးပျောက်ကွယ်သွားလည်း သိမယ့်သူ မရှိဘူး ။ အိမ်ခွဲနေမယ်လို့ ကိုယ့်ဘက်က သွားစပြော ၊ ခွင့်တောင်းမှသာ မင်းကခြေစုံကန်ချင်တာလား ၊ အတောင်စုံပြီအမှတ်နဲ့ ပုန်ကန်တာလား ဘာညာနဲ့ ပြဿနာတွေအကြီးအကျယ်ဖြစ်မှာ ။ ဒီတိုင်းလေး ထွက်သွားပြီး ပွဲတော်ရက်တွေ စားပွဲဝိုင်းမှာ သွားထိုင်ပေးလိုက်ရုံ ၊ ကိစ္စတစ်ခုခုရှိလို့ လူစုရင် သွားပေးလိုက်ရုံနဲ့ ရိပေါ်ဒီအိမ်မှာရှိမနေတာကို ဘယ်သူမှတောင် သိကြတော့မှာ မဟုတ်ဘူး ။

အဲဒါကြောင့်ပဲ ကောက သူ့ကို အိမ်ပြေးလေးလို့ စတတ်ပါတယ် ။

သူ့ကဒ်ထဲမှာ သုံးမကုန်နိုင်အောင် လစဥ်သုံးကြေးပိုက်ဆံတွေ အများကြီးရှိတာတောင် ရိပေါ်က သူ့တိုက်ခန်းလေးကို အဲပိုက်ဆံတွေနဲ့ ဝယ်ခဲ့တာ မဟုတ်ဘူး ။ ရိပေါ်က တစ်သက်လုံး အရာတစ်ခုတည်းကို စွဲစွဲမြဲမြဲဝါသနာပါခဲ့တယ် ။ သူ့မှာသာ လွတ်လပ်ခွင့်ရှိမယ်ဆိုရင် အရာအားလုံးကို ပစ်ချပြီး အဲဒီအရာကို ဇောက်ချလုပ်မှာပါပဲ ။ အဲဒါကတော့ သီချင်းရေးတာ ဖြစ်ပါတယ် ။ သူငယ်ငယ်လေးကတည်းက အခုချိန်အထိ ရေးလာခဲ့တဲ့သီချင်းတွေကို ထုတ်လုပ်ရေးဆီ စပို့ဖို့ ရိပေါ်ဆုံးဖြတ်ချက်ချခဲ့တယ် ။ အဲကရတဲ့အနုပညာကြေးတွေနဲ့ ရိပေါ် ဒီတိုက်ခန်းလေးကို အရစ်ကျဝယ်ယူဖို့ စီစဥ်ခဲ့တာဖြစ်ပါတယ် ။

ဒါပေမယ့် မထင်မှတ်ထားစွာပဲ ရှောင်းကျန့်က သူ့အကြွေးရှင် ဖြစ်လာခဲ့တယ် ။ ရှေ့ကပိတ်လို့ ရိပေါ့်ကို ဖြေးဖြေးချင်းပြန်ဆပ်ပေါ့လို့ ပြောလာတဲ့ ရှောင်းကျန့်က ပြောရင်းဆိုရင်း ကဒ်ကိုထုတ်ပေးနေခဲ့ပြီ ။ ပုံမှန်ဆို ရိပေါ်ငြင်းမှာပါပဲ ။ ဒါပေမယ့် အဲလူက ရှောင်းကျန့်ဖြစ်နေတဲ့အခါ ဒီဆက်ဆံရေးပျက်ကျသွားတဲ့အချိန် တည်းတည်းလေးကျန်နေစေမယ့် ကြိုးတစ်ချောင်းကို သူလက်မလွှတ်ချင်ခဲ့ဘူး ။

A Tale Of Not A Fairy Tale || Completed Where stories live. Discover now