3

1K 166 18
                                    


Unicode

ကိုယ်တိုင်တောင်မသိလိုက်တဲ့ခြေထောက်တွေဟာ သူ့ရဲ့မင်းသားလေးဆီကို ~

( song recommended : The BOYZ - No Air )

အမှန်စင်စစ် self balance scooter နဲ့ ကမ်းခြေပတ်လမ်းကနေပြီး သူပတ်စီးနေတာ မိနစ်အတော်ကြာပြီ ။

ခါတိုင်းကညနေစောင်းလေးပေမယ့် ဒီနေ့တော့ သူပုံတစ်ချို့ဆွဲနေတာမို့ ည ၁၁ နာရီမှထွက်ခဲ့ရသည် ။

Webtoon ကတော့ဘယ်လိုမှပြန်ပြင်မရတော့လို့ဝမ်းနည်းပေမယ့် အရမ်းလေးနက်စွာတွေးမနေမိတော့တာ ဘာကြောင့်မှန်းမသိ ။

*မင်းသားလေးကလက်တွေ့မှာပေါ်လာပြီမို့လား *

ဖြတ်ကနဲအတွေးတစ်ခုပေါ်လာပေမယ့်ချက်ချင်းပျောက်သွားသည် ။

သူဘာကိုရှာလို့ရှာနေမိမှန်းလည်းသူမသိ ။
မညှပ်တာအတော်လေးကြာပြီဖြစ်တဲ့ဆံပင်တွေက
မျက်လုံးပင်ဖုံးနေပြီ ။

ပတ်ဝန်းကျင်တွေ လူတွေဘာကိုမှဂရုမစိုက်တတ်တဲ့ ဂျယ်ယွန်းက ရက်တွေကိုပါလိုက်တွက်နေမိတာ
အဲ့ရူးကြောင်ကြောင်လူကိုထပ်တွေ့ချင်နေတာလား ?

လိမ်လို့မရတာက တစ်ပါတ်လုံးလုံး အဲ့လူကအာရုံထဲမှာစွဲစွဲမြဲမြဲနေရာယူထားတာပင် ။
အဲ့လူကိုတွေ့ခဲ့တဲ့နေ့ပြီးကတည်းက သူ့စိတ်တွေကခါတိုင်းထက်ပေါ့ပါးနေပြီး ဆောနူတောင် အကိုပျော်စရာတွေ့နေတာလား လို့မေးလာတဲ့အထိ ။

ပြီးတော့ သူ့ရဲ့မင်းသားလေးလည်းအိမ်မက်ထဲကိုမလာတာ တစ်ပါတ်တိတိရှိပြီကို သူနည်းနည်းမှမလွမ်းမိပဲ.. ဆောင်းဟွန်းဆိုတဲ့နာမည်ကနေရာတကာမှာအစားဝင်ယူထားနေသယောင်

အဲ့လူဟာ စင်ဒရဲလားလို လူရယ်ပါ
ဖန်ဖိနပ်မဟုတ်တဲ့ နာမည်တစ်လုံးပဲချန်ထားခဲ့တယ်

ဒီလိုညဘက်ကြီး ကမ်းခြေပတ်လမ်းမှာ မိနစ်ပိုင်းကြာအောင် scooter ပတ်စီးနေတာလည်း
ဂျယ်ယွန်းပဲရှိမည် ။

ကမ်းခြေလေတွေအတော်ဝှေ့နေတဲ့ ခုံတန်းတစ်ခုရှေ့မှာ သူရပ်လိုက်မိသည် ။ ဟိုတစ်ခါအဲ့လူနဲ့တွေ့ခဲ့တဲ့ဆေးဆိုင်နဲ့တောင် သိပ်မဝေး ။ ကမ်းခြေဘက်ကို
ဆင်းသွားကြည့်ရမလား ?

Breathing Blue [ JAKEHOON ]✔️Where stories live. Discover now