4

809 132 3
                                    

Unicode

နှစ်ပေါင်းရာချီခန့်ဆီပြန်သွားကြည့်ရင် မင်းသားလေးရဲ့
နှလုံးသားထဲဝယ် သွေးစများသာ ရှိလိမ့်မည် ~

ရက်ရက်စက်စက် ထက်ကိုပိုတာပေါ့ ။
နန်းတော်တွင်းကမင်္ဂလာပွဲကို လုပ်ပိုင်ခွင့်တစ်ခုမှမရှိပဲ တစ်ယောက်သောသူ အလိုကျ လက်ပိုက်ကြည့်နေရတဲ့ အချိန်တစ်ခုမှာ အသည်းနှလုံးတွေ ရစရာမရှိအောင် ကွဲအက်နေရလေရဲ့

မင်္ဂလာပွဲပြီးမြောက်ကြောင်း ကြေငြာပြီးတဲ့အခါမှာ
ခြေထောက်တွေပင်မခိုင်ချင်တော့အောင် နှလုံးသားထဲကနာသည် ။ လူကွယ်တစ်နေရာကိုရှောင်ထွက်လာပြီးအဆောင်တစ်နေရာနောက်မှာ လူသားမဟုတ်သည့်တိုင်
ခံစားချက်ပြင်းထန်လွန်းတဲ့အခါ ငိုတတ်တာပဲ ။

ငိုလို့ဝပြီး နောက်ပြန်အလှည့်မှာ ပိုးသားနီပြောင်ပြောင် ဝတ်ရုံစကိုသူမြင်လိုက်ရတယ် ။
သူ့ရဲ့သတို့သားမဟုတ်ခဲ့တဲ့ ချစ်ဦးသူပေါ့ ။

" ပျော့ညံ့လိုက်တာ ဆောင်းဟွန်းရာ "

မမြင်ချင်ယောင်ဆောင်ပြီး ဘေးကိုခြေလှမ်းတော့ ပုခုံး တစ်ဖက်ကနေ ဆွဲပြီး တားခံလိုက်ရတယ် ဘယ်လောက်တောင် ဒဏ်ရာတွေထပ်ပေးချင်သေးတာလည်း ?

သူကပိုပြီးသန်မာတဲ့သူပေမယ့် ခေါင်းငုံ့နေမိတာကအမှန်ပါ ။

" စွန့်ပစ်ခဲ့ပြီးပြီမလား ဘာထပ်ပြောချင်သေးတာလည်း အိမ်ရှေ့စံ "

အိမ်ရှေ့စံတစ်ပါးကို ပြန်ပြောတဲ့စကားအနေနဲ့ရင့်သီးလွန်းပေမယ့် ကိုယ့်ကို သစ္စာဖောက်တဲ့ချစ်သူကိုပြောတဲ့စကား အနေနဲ့ဆို သူပြောသင့်တဲ့စကားပါပဲ ။

" မင်းကို ချစ်ပါတယ်ဆိုတာကို ဒီလက်ထပ်ပွဲတစ်ခု
ကြောင့်နဲ့  အလိမ်အညာထင်နေတာလား "

" အိမ်ရှေ့စံအနေနဲ့ လက်ထပ်ပြီးသားဖြစ်သွားပြီပဲ ။
ကျွန်တော့်ဆီ ဒီလိုစကားတွေလာပြောတာက မသင့်တော်ပါဘူး "

" ဂျယ်ယွန်းလို့ပဲခေါ်လေ ချက်ချင်းပဲ အပြောအဆိုတွေရင့်သီးကုန်ပါလား "

" ထားသင့်တဲ့စည်းကိုထားနေတာပါ ။
ထပ်ပြီးတော့ အဲ့လိုလှည့်စားတာကိုကြုံရရင်
အများကြီးစိတ်နာမိလိမ့်မယ်  ဂျယ်ယွန်း "

Breathing Blue [ JAKEHOON ]✔️Where stories live. Discover now