Unicode
D-Day
Board Calendar ရှေ့မှာ ဒူးလေးပိုက်ရင်းထိုင်နေတဲ့
ဂျယ်ယွန်းကစိတ်ဓာတ်ကျမှုတွေ ဟိုးအောက်ဆုံးထိ ။ဆောင်းဟွန်းနဲ့ မနက်ကတည်းကခပ်ခွါခွါနေရင်း
ထပ်ထပ်ခါခါလည်း ငိုနေမိပြန်သည် ။
တော်ရုံမျက်ရည်မကျတဲ့သူဟာ အချစ်ကြောင့် တစ်နေကုန်ထိုင်ငိုနေရသတဲ့ ။သူ့မျက်စိရှေ့မှာပျောက်ကွယ်သွားတာမမြင်ချင်လို့ပါ ကျေးဇူးပြုပြီး သူ့ကိုတစ်ကိုယ်ကောင်းဆန်ခွင့်ပေးပါလား
" ရှင်းမ်ဂျယ် ... မငိုပါနဲ့တော့ "
ခပ်ချိုချိုအသံက ဒူးနဲ့မျက်နှာအပ်နေရတဲ့ ခေါင်းလုံးလေးကိုသပ်ပေးရင်းဆိုသည် ။ ဒူးတစ်ဖက်ထောက်ပြီးမျက်နှာချင်းဆိုင်ဝင်ထိုင်ကာ ချော့ကြည့်ပေမယ့် ထိုအသေးလေးကတော့ တစ်ချက်တောင်မော့မကြည့် ။
" မငိုနဲ့တော့လို့ မင်းအဲ့လိုဆက်လုပ်နေရင်
ငါမသွားခင် ရင်ကွဲပြီးသေလိမ့်မယ် "" ရှင်းမ်ဂျယ် ခေါင်းမမာပါနဲ့ကွာ ငါ့ကိုကြည့်ပေးပါ "
လေသံအေးအေးနဲ့ ချော့ခေါ်နေတဲ့ ဆောင်းဟွန်းကို
ပြန်ကြည့်ပေးချင်တာပေါ့ ။ ဒါပေမဲ့ မျက်နှာချင်းဆိုင်
လိုက်မိရင် အခုထက်အဆတစ်ရာ ပူလောင်မယ်ထင်တယ်ဆွဲထားချင်တာတောင် မဖြစ်နိုင်တဲ့အဲ့ဒီစိတ်နဲ့ သူ့ရင်တွေကွဲနေပြီးသားက အမှုန့်ပါဖြစ်သွားနိုင်တာမို့ ။
" တစ်ခုခုစားမလား ထမင်းသုပ်လုပ်ပေးမယ်လေ "
" ထမင်းသုပ်လား "
မျက်ရည်တွေအဝိုင်းသားနဲ့ ကောင်လေးက စားစရာနဲ့ခေါ်မှပဲ ဆောင်းဟွန်းကိုမော့ကြည့်တာ ခွေးပေါက်လေးသဖွယ် မျက်ဝန်းနက်လဲ့လဲ့တွေနဲ့ ။
မျက်ရည်တွေသုတ်ကာ ငေါက်ကနဲထထွက်ပြီးမီးဖိုချောင်ကိုတော့သွားသည် ။ သို့ပေမဲ့ ထမင်းစားပွဲပေါ်မှာခေါင်းကိုမှောက်ထားပြီးငြိမ်ကုပ်စွာထိုင်နေရုံအပြင်ဘာမှမလုပ်။
ခဏလေးမျက်နှာမော့ကြည့်လိုက်တာတောင် ဖက်ထားချင်လာတာ ဘယ်လိုလုပ်မလည်း ။ သူဒီနေ့ ဒီလိုလုပ်နေတာကရောမှန်ရဲ့လား ။
YOU ARE READING
Breathing Blue [ JAKEHOON ]✔️
FanfictionPrince, I hope you won't let me down. Please be with me through my life.