UnicodeDay 8
" ငါတို့ ဆာကူရာပန်းတွေသွားကြည့်ရအောင်လေ
ဆောင်းဟွန်း "ခြံထဲက ရေကူးကန်ဘောင်ဘေးမှာ လှဲနေတဲ့ ဆောင်းဟွန်းကို ပုခုံးကနေလှုပ်ပြီးမေးလိုက်တယ် ။
တစ်ခုခုကိုမမှတ်မိတာမဟုတ်ပဲမေ့ချင်ယောင်ဆောင်နေတဲ့သူ့အဖို့ ဆောင်းဟွန်းရဲ့ဟန်မဆောင်တတ်တဲ့စိတ်ပျက်လက်ပျက်အမူအရာ ပင်ပန်းနေတဲ့အမူအရာက ရင်ထဲကိုနာကျင်စေပါတယ် ။
" ဆောင်းဟွန်း အဲ့လိုကြီးမနေနဲ့လေလို့ အွန် "
ရေကူးကန်ထဲက ရေတစ်ချို့ကမြောက်တက်လာရင်း အောက်ပြန်ကျသွားတယ် ။ ထပ်ပြီး တက်လာတယ် ထပ်ပြီး ဟိုဟိုဒီဒီပျံရင်း ရေပြင်နဲ့ပြန်ရောသွားတယ် ။
" အဲ့လိုကစားနေပုံထောက်ရင် တစ်ခုခုကိုစိတ်ရှုပ်နေလား "
" ဒီအတိုင်း စိတ်မဖြောင့်လို့ပါ "
ထထိုင်ပြီးတော့ ဂျယ်ယွန်းထိုင်နေတဲ့အတိုင်း
ရေကူးကန်ထဲကိုခြေနှစ်ချောင်းချလိုက်ရင်း
ဘေးကဂျယ်ယွန်းရဲ့ခါးကို ကပ်ချွဲနေသလိုမျိုးပဲ
လက်နှစ်ဖက်နဲ့ဝိုက်ဖက်ကာ ခေါင်းကိုလည်း လာမှီထားသေးတယ် ။" နောက်ထပ်ရှစ်ရက်နေရင် ဒီလိုမျိုးဖက်ထားလို့မရတော့ဘူးပဲ "
" အင်း ဟုတ်သား "
ခပ်ဆွေးဆွေးပြောမိတော့ ဖက်ထားရာကနေ ခဏ
လွှတ်လေတယ် ။ သူထပ်ပြီးတစ်ခုခုတော့ပြောသင့်ပြီထင်လို့ -" နောက်ဆံမတင်းနဲ့ ကွာ .. အဲ့အချိန်ကျရင် စိတ်ဖြောင့်ဖြောင့်နဲ့ ထားခဲ့ ။ ဖြစ်စေချင်တဲ့အတိုင်း
ကောင်းကောင်းရှင်သန်ပြီးနေမှာပါ ယုံတယ်မလား "" အင်း "
ဆောင်းဟွန်းကသူ့ရဲ့စိတ်ကိုအပွင့်လင်းဆုံးဖော်ပြတတ်တဲ့သူ ။ လူသားထက်နည်းနည်းပိုပြီးထူးခြားတဲ့သူပဲ
သူ့စိတ်ထဲမှာတွေးနေတာတွေကို မြင်ရင်မြင်နေနိုင်မှာမလား ? မြင်လားမမြင်လားတော့ သူမပြောဖူးသလို
ကိုယ်တိုင်လည်းမမေးဖူးဘူး ။တစ်ခါတစ်ရံမှာ ကိုယ်တိုင် ထိုတစ်ရက်ပြီးရင်တစ်ခုခုလုပ်ဖို့အထိတွေးမိတာတွေလည်း သိရင်သိမှာပဲ သိကြောင်းတော့မပြပေမယ့်လည်း ။
YOU ARE READING
Breathing Blue [ JAKEHOON ]✔️
FanfictionPrince, I hope you won't let me down. Please be with me through my life.