2

1.3K 198 26
                                    

Unicode

မှောင်မဲနေတဲ့အခန်းကြီးဟာ သူ့ရဲ့အကောင်းဆုံး
သူငယ်ချင်း ။

" မနက်စာရော နေ့လည်စာရော မစားပဲနေနေတာ
ညစာတော့စားသင့်တယ်မဟုတ်လား "

အခန်းတံခါးဝကို လက်ပိုက်မှီထားရင်း ညီတစ်ဝမ်းကွဲဖြစ်သူ ဆောနူက ဆူအောင့်စွာပြောလာသည် ။

" စိတ်ကူးတွေ အိမ်မက်တွေပျက်စီးသွားပြီးမှ လက်တွေ့ကရောက်လာမလားမသိဘူးလေ "

အခန်းထောင့်မှာကွေးကွေးလေးထိုင်နေတဲ့ဂျယ်ယွန်းရဲ့နံဘေးမှာလာထိုင်ရင်း ပြုံးစစပြောသည် ။
အသနားခံတဲ့အကြည့်လေးတွေက ဂျယ်ယွန်းကိုထမင်းတစ်နပ်တော့ဝင်အောင်စားစေချင်တဲ့ ဆန္ဒတွေနဲ့ ။

" လက်တွေ့ဆိုတာမဖြစ်နိုင်ဘူးလေ ။
ဖြစ်လာခဲ့ရင်တောင် လူသားနဲ့ လူသားမဟုတ်တဲ့ဖြစ်တည်မှုကြားမှာဘယ်လောက်ကြာကြာချစ်နိုင်မှာမို့လည်း "

ဂျယ်ယွန်းအားဖျော့စွာပြောလိုက်တဲ့စကားအပေါ်
နှုတ်ခမ်းလေးမသိမသာစူထားရင်း
ဆောနူကစဉ်းစားသည် ။

" လက်တွေ့ဆိုတာမဖြစ်နိုင်ရင် မနေ့ညက ဘာလို့
သတိလက်လွတ်တွေဖြစ်ကုန်တာလည်း
တစ်ယောက်ယောက်ထိန်းချုပ်လိုက်တာ မဖြစ်နိုင်ဘူးလား "

" ထမင်းပဲစားပါတော့မယ် ။ မင်းလေးပြောမှ ငါမျှော်လင့်ချက်တွေပိုထားမိကုန်ရော့ပေါ့ "

ဆောနူရဲ့နဖူးကို မနာအောင်တွန်းလိုက်ရင်း ဂျယ်ယွန်းရယ်လိုက်ကာ ထမင်းစားခန်းဘက်ထွက်လာခဲ့သည် ။

တစ်ယောက်တည်းနေတဲ့သူ့ကို ဆောနူကတစ်ခုခုဆို အရမ်းစိတ်ပူတတ်တာ ။
ဂျယ်ယွန်းက စိတ်ကျရောဂါလိုမျိုးတစ်ခါဖြစ်ဖူးတော့ ဘာနေနေ အရိပ်တကြည့်ကြည့်နဲ့ လိုက်ပြောနေတဲ့
ကောင်လေးရယ်ပါ ။ သူ့မိဘတွေကတော့
နိုင်ငံခြားမှာမို့ ဒီမှာသူလည်းတစ်ယောက်တည်းပဲ ။

" ဒိန်ချဉ်သောက်ချင်လို့ သွားဝယ်လိုက်အုံးမယ် "

" အင်း ကမ်းစပ်မှာအိပ်ပျော်မသွားစေနဲ့အုံး "

ရေခဲသေတ္တာထဲခေါင်းစိုက်နေရင်းကလှမ်းအော်တဲ့ဆောနူကိုသူကြိတ်ရယ်လိုက်သေးသည် ။ ဘယ်လိုကောင်လေးလည်းမသိ ။ ဘာပဲဖြစ်ဖြစ် ဆောနူမရှိရင် သူပိုပြီးခက်ခဲမယ်ထင်ပါသည် ။

Breathing Blue [ JAKEHOON ]✔️Where stories live. Discover now