prologue

3.9K 228 8
                                    

Unicode

ရေလှိုင်းလွင်ပြင်ကအေးစက်လွန်း၏ ..။

ကမ်းခြေရဲ့ ကျောက်ဆောင်တစ်နေရာပေါ်မှာထိုင်နေရင်း ရောက်တတ်ရာရာစကားတွေကို နားထောင်ပေး
မယ့်သူမရှိလည်း သူအားရပါးရပြောနေကျ ။

ဒီနေ့မတူဘူး ။ စိတ်ဓာတ်ကျနေတယ် ။
စကားတစ်လုံးမှမပြောနိုင်လောက်တဲ့အထိသူပင်ပန်းနွမ်းနယ်နေတာမို့ ငြိမ်ငြိမ်လေး ထိုင်နေမိတယ် ။

နံရံကိုထိုးကြိတ်ခဲ့တဲ့ လက်ဆစ်တွေဟာပြုတ်ထွက်
မလိုကို ကိုက်ခဲနေသော်လည်း ရင်ထဲကကိုက်ခဲမှုတွေကိုမမှီပဲ ရှုံးနေလေရဲ့ ။

အရှုံးသမားရဲ့ဖန်တီးမှုတစ်ခုဟာ အရှုံးနဲ့ပဲ
အဆုံးသတ်တယ် ။

လက်တွေ့မရှိတဲ့ဇာတ်ကောင်တစ်ခုအပေါ်မှာ
သူရူးမတတ်စွဲလမ်းနေမိတာဟာလည်း အရှုံးပဲ ။

" Shim "

ဝေဝါးနေတဲ့ မြင်ကွင်းထဲမှာ သူ့နာမည်ကိုနူးညံ့စွာခေါ်ပေးတဲ့သူ ။

ဘယ်တုန်းကရော အဲ့လူရဲ့မျက်နှာကိုမှတ်မိနိုင်လို့
လည်း ? သူ့အတွက်အားကိုးစရာထိုရင်ခွင်ထဲကို
လမ်းပျောက်နေတဲ့ခွေးပေါက်လေးနှယ်
တိုးဝင်မိတယ် ။

ပျောက်ကွယ်သွားပြန်ပြီ ။
နောက်ဆုံးတော့အရူးဟာသူပဲ ။

ငိုချင်ပေမယ့် သူ့မျက်ရည်တွေခမ်းနေပြီ ။
စွဲညို့ခံထားရသလိုမျိုး ... ။
ကိုယ်တိုင်တောင်မသိလိုက်တဲ့လက်တွေဟာ
သူမြတ်နိုးရာဇာတ်ကောင်ကို လောကကြီးထဲကနေပျောက်ကွယ်ခိုင်းလိုက်မိတာကြောင့်
သူ့ရင်တွေကွဲမတတ်ခံစားနေရတယ် ။

ခေတ္တပွေ့ဖက်မှုလေးက သူ့အတွက်လုံလောက်တဲ့ကုစားခြင်းမဖြစ်နိုင်ဘူး ။ အဲ့ဒီလူ ဘယ်ကိုရောက်သွားပြန်တာလည်း ။

ဘာလို့လည်း ? ဘာလို့ငါ့ရဲ့လက်တွေဟာထိန်းချုပ်ခံလိုက်ရတာလည်း ဆိုတဲ့မေးခွန်းကို အရူးမီးဝိုင်း
ထပ်ခါထပ်ခါ ပြန်မေးနေမိတယ် ။

သဘာဝလွန်ဖြစ်ရပ်တွေအရလား ? မဟုတ်နိုင်ပါဘူးဆိုပြီး သူရယ်လိုက်တယ် ။

ညစဉ်ညဆက် အိမ်မက်ကမ္ဘာထဲက
သူ့မူပိုင်ဖြစ်တည်မှုလေးကို စိတ်ကူးယဉ်ခွင့်ရှိတာ
သူ့လက်အစုံရဲ့ဖန်တီးမှုနဲ့ပဲ ။

Breathing Blue [ JAKEHOON ]✔️Where stories live. Discover now