1

1.8K 226 12
                                    

Unicode

~ မျက်နှာမပါတဲ့ မင်းသားလေးဟာ အရမ်းလှတယ်  ~

Webtoon လောကထဲမှာ အထူးခြားဆုံး character တစ်ခုဟာ ရုတ်တရက်ချည်း ကြေကွဲဖွယ်ဇာတ်သိမ်းနဲ့ကြုံရလို့
ပရိတ်သတ်တွေအားလုံးကြားမှာပြောစရာဖြစ်နေသည် ။

Webtoon ရဲ့နာမည်ဟာ " Deepest Ocean in my heart "
ဆိုပေမယ့် မျက်နှာကိုမရေးဆွဲပဲချန်ထားတဲ့ main character ကြောင့် " မျက်နှာမပါတဲ့ရေမင်းသားလေး " လို့အတော်များများက သမုတ်ပြောစရှိကြ၏ ။

တခြား character တွေအားလုံးကိုဆွဲနိုင်ရဲ့သားနဲ့
ဘာလို့ main character ရဲ့မျက်နှာကိုမှ artist ကချန်ထားရတာလည်း ဆိုတဲ့မေးခွန်းကအကြီးအကျယ်မေးခွန်းထုတ်စရာဖြစ်နေတာကတော့အမှန်ပါ ။

ပြီးတော့နာမည်မသုံးပဲ မင်းသားလေးဆိုတဲ့အခေါ်အဝေါ်တစ်ခုတည်းကိုသုံးသွားတာ ။

မျက်နှာမပါ နာမည်လည်းသေချာမရှိတဲ့ဇာတ်ကောင်
တစ်ခုက ခံစားချက်ကိုဘယ်လိုဖော်ပြသလည်း ။
ရေးဆွဲသူကိုယ်တိုင်လည်းမသိဘူး ။ ဒါပေမယ့် ဖတ်ရှူသူတွေရဲ့ခံစားချက်ဟာထိုဇာတ်ကောင်အပေါ်မှာ ဗလာချည်းသက်သက်မဟုတ်တာတော့သေချာတယ် ။

~ ရေးဆွဲသူရဲ့နှလုံးသားနဲ့ရင်းထားရတဲ့ မင်းသားလေး ~

သာမာန်အချစ်ဇာတ်လမ်းဆိုတာထက်
ယောက်ျားလေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကိုဖော်ပြထားသော ရုပ်ပြဇာတ်လမ်းတစ်ပုဒ်သာဖြစ်၏ ။

သာမာန်လူနဲ့ သာမာန်လူမဟုတ်တဲ့
ရေအောက်တိုင်းပြည်ကမင်းသားလေးတို့
အရာအားလုံးကိုမျက်ကွယ်ပြုနိုင်လောက်တဲ့ထိ ရူးမိုက်စွာချစ်ခဲ့ကြတဲ့ဇာတ်လမ်း

ခေတ်နောက်ပြန်ဆွဲပြီး 1700 ခုနှစ်ပိုင်းတွေကိုကျောရိုးထားပြီးရေးဆွဲထားတာက ရေးဆွဲသူရဲ့ ဗဟုသုတကြွယ်ဝမှုကိုဖော်ပြနေသည် ။

Jake ဟာ ဘာလို့ ဇာတ်သိမ်းတွင် သူအရမ်းချစ်ရပါသော
မင်းသားလေးကို နန်းတွင်းကွပ်မျက်သမားတို့အား
သတ်ခွင့်ပေးလိုက်ရပါသနည်း ?

မြှားအစင်းပေါင်းများစွာထိုးစိုက်ခံထားရတဲ့ မင်းသားလေးဟာ ခံနိုင်ရည်မရှိတော့တဲ့အဆုံးထိ သူ့ကိုသတ်ခွင့်ပေးခဲ့တဲ့သူကို ချစ်သောစကားသာဆိုခဲ့ရသနည်း။

Breathing Blue [ JAKEHOON ]✔️Where stories live. Discover now