" ကျန့်ကျန့် ... ဘောလုံးကိုမှီအောင်လိုက်လေ။
မင်းကောက်ရမယ့်အလှည့်ကိုဘာလို့နားနေတာလဲ
မြန်မြန်ပြေး ... မြန်မြန်ပြေး ... "နောက်ကျောဘက်ဆီက ကလေးအုပ်စုက
ကစားရင်းလွင့်စင်သွားတဲ့ဘောလုံးလေးကို
ရှောင်းကျန့်ကိုပြေးကောက်ခိုင်းသည်။
အလှည့်ကျစနစ်နဲ့ကောက်ရတဲ့ဘောလုံးလေးကဒီ
တစ်ခါရှောင်းကျန့်အလှည့်ပင်။ရှောင်းကျန့်ကအနောက်က ကလေးအုပ်ကိုလှည့်ကြည့်ကာပြုံးပြလိုက်ပြီး အမောမခံနိုင်လို့ခဏရပ်နားနေရာမှခပ်လှမ်းလှမ်းက
မြက်ခင်းပေါ်ကဘောလုံးလေးစီပြေးသွားလိုက်တယ်။မောဟိုက်နေတာကြောင့်ပြေးနေပေမယ့်သိပ်ပြီးအရာမထင်လှပေ။နောက်ဆုံးဘောလုံးဆီရောက်ခါနီးမှာပြုံးလိုက်ရင်းအားရပါးရကောက်လိုက်ပေမယ့် ရုူးဖိနပ်အနက်ရောင်တစ်စုံကမြင်ကွင်းရှေ့ရောက်လာကာထိုဘောလုံးလေးကိုကောက်လိုက်ပြီးရှောင်းကျန့်ရှေ့ကိုအသက်လတ်ပိုင်းလူကြီးတစ်ယောက်ကငုတ်တုတ်ထိုင်ချလိုက်တယ်။" သားဘောလုံးလေးလား "
ဘောလုံးကိုပေးရင်းထိုလူကြီးကမေးလေတော့ရှောင်းကျန့်ကခေါင်းတဆက်ဆင်ငြိမ့်ပြလိုက်တယ်။ဒါကိုသဘောကျသွားသလိုရယ်ပြုံးလိုက်ပြီးထိုလူကြီးကရှောင်းကျန့်ပါးလေးကိုခပ်ဖွဖွလေးလိမ်ဆွဲတယ်။
" သားကချစ်စရာလေးပဲ ... ဦးနာမည်ကချန်းရို့လန်။ဦးနဲ့အတူတူနေချင်လား။ "
ထိုသို့မေးတော့ရှောင်းကျန့်မျက်လုံးလေးတွေကညှိုးငယ်သွားတယ်။ဒီကသူငယ်ချင်းတွေနဲ့သူမခွဲချင်ဘူး။ရှောင်းကျန့်ရဲ့အရင်သူငယ်ချင်းတွေလည်းအခုလိုပဲလူစိမ်းတွေနဲ့တစ်ယောက်ပြီးတစ်ယောက်ပါသွားကြတယ်။ဆရာမကပြောတာတော့မိသားစုတစ်ခုရသွားတာတဲ့။ရှောင်းကျန့်ကဒီမှာနေရတာပဲပိုပျော်တယ်လေ။
" လိုက်ခဲ့မယ်မလား ... ဟိုမှာ ကိုကိုတွေကော ညီလေးတွေကောအများကြီးရှိတယ်။ "
ရှောင်းကျန့်ကိုပွေ့ချီသွားရင်းထိုလူကြီးကဆရာမနဲ့စကားခဏပြောတယ်။ပြီးတော့စာချုပ်တွေမှာလက်မှတ်ထိုးကြတယ်။
YOU ARE READING
Conceal (Complete)
Short Storyကျွန်တော့်ရဲ့ရှင်သန်ခြင်းကို ဘယ်မှာလိုက်လို့ရှာရပါ့မလဲ...