Conceal 6

3.4K 353 14
                                        

ဝမ်ရိပေါ်;ရှောင်းကျန့်အခန်းကထွက်လာပေမယ့်
စိတ်ထဲတခုခုလေးလံနေတာကြောင့်မို့ လာရာလမ်း
အတိုင်းပြန်လှည့်လာလိုက်သည်။ဒါပေမယ့်
စိတ်ကူးနဲ့လက်တွေ့မကျတာက ရှောင်းကျန့်က
အခန်းထဲမှာယွီမုန်နဲ့ရယ်ရယ်မောမောစကား​ပြောနေ
တာကိုတွေ့လိုက်တယ်။

ဒုန်း!!!

ပွင့်နေတဲ့တံခါးကိုတမင်တကာဆောင့်ပီးဖွင့်လိုက်
တာကြောင့် စကားပြောနေတဲ့နှစ်ယောက်လုံးက
လှည့်ကြည့်လာသည်။

"ဝမ်ရိပေါ် ဘာလာလုပ်တာလဲ"

"ခင်ဗျားဆီလာတာမဟုတ်လို့ ခင်ဗျားတို့ရဲ့
ကြည်နူးနေတဲ့အချိန်တွေဆီပြန်သွားပါ"

ဝမ်ရိပေါ်ကတံခါးကိုမပိတ်ပဲ ပြန်ထွက်သွားတာ
ကြောင့် သူ့ဆီကတောက်ခေါက်သံကို ကြားမိ
လိုက်ပါတယ်။

"မင်းကသူ့လိုလူကိုဘယ်လိုဖြစ်လို့ သဘောကျ
မိတာလဲ?"

"ကျွန်တော့်အတွက်တော့ ဒီလိုရိုင်းနေလည်း
ဝမ်ရိပေါ်ပဲ။ ကျွန်တော့်ကိုတိုက်ခိုက်နေလည်း
ဝမ်ရိပေါ်ပဲ။ကျွန်တော်ချစ်တဲ့ဝမ်ရိပေါ်က
ဘယ်လိုပုံစံမျိုးလို့မရှိပေမယ့်။
ဝမ်ရိပေါ်ဖြစ်နေလို့ကိုချစ်တာပါ"

ဝမ်ရိပေါ်ကျောခိုင်းသွားတဲ့အခန်းတံခါးကိုကြည့်ရင်း
ဝမ်ရိပေါ်ရဲ့ကျောပြင်လေးတောင်မမြင်ရတော့သည့်
တိုင်အောင်ပင် ရှောင်းကျန့်ကနူ့နူ့ညံ့ညံ့လေးကြည့်
ကာပြုံးနေခဲ့တယ်။

-------------

ဝမ်ရိပေါ်;ရှောင်းကျန့်ဆီကထွက်လာရင်း
စိတ်တွေမကြည်နေတာကြောင့် ခေါင်းဆေးရန်
Clubကိုရောက်နေခဲ့ခြင်းပင်။ မီးရောင်စုံကြားထဲ
တိုးဝှေ့နေတဲ့လူတွေကိုကြည့်ရင်း ခေါင်းပါပိုမူး
လာတာမို့ စားပွဲပေါ်က ဝီစကီခွက်ကိုပဲ
ကောက်သောက်လိုက်တယ်။

"ကိုကို တစ်ယောက်ထဲလာသောက်နေတာလား
Lynmကိုဘာလို့မခေါ်တာလဲ"

"သွားစမ်းပါ မင်းကဘယ်လောက်တောင်
အရေးပါနေလို့ ငါကတကူးတကခေါ်ရမှာလဲ"

"ကိုကိုကလည်း အရင်တုန်းက ကိိုကိုနဲ့Lynmနဲ့က
သူငယ်ချင်းထက်ပိုတဲ့ဆက်ဆံရေးရှိခဲ့ဖူးတယ်လေ
ဟိုတစ်ယောက်ကြောင့်သာ.."

Conceal (Complete) Where stories live. Discover now