အခုကိစ္စကချန်းရို့ဟန်ရဲ့အစီအစဉ်သက်သက်သာသာဖြစ်ပြီးနှစ်ပေါင်းများစွာရင်းနှီးလာတဲ့စီးပွားရေးလုပ်ဖော်လုပ်ဖက်Mr.Hanနဲ့လက်ဝါးချင်းရိုက်ထားကြသည်။Mr.Hanလူတွေကိုဟန်ပြသဘောလောက်သာတိုက်ခိုက်ခိုင်းထားပြီးအမှန်တကယ်ကရိပေါ်နဲ့ရှောင်းကျန့်ကိုတိုက်ခိုက်စေတာပင်။ဆက်ခံသူနေရာအတွက်အနိုင်ရလာတဲ့သားကိုပဲတရားဝင်လွှဲပေးမည်။ရှောင်းကျန့်ဘက်ကယွီမုန့်အပါအဝင်အဖွဲ့ဝင်လေးယောက်ပါကာရိပေါ်ဘက်ကလည်းယွဲ့ဟန်အပါအဝင်ထိုနည်းတူပဲ။ယွီမုန်ကယွဲ့ဟန်နဲ့အသက်တူရွယ်တူဖြစ်ပေမယ့်အခြားဂိုဏ်းမှာသာအနေများသူဖြစ်လေတယ်။ဒါကြောင့်ယွီမုန်နဲ့လက်ရုံးချင်းယှဉ်ဖို့ရိပေါ်အခွင့်မသာခဲ့ပေ။အမြဲလိုလိုမျက်နှာထားတင်းတင်းနဲ့ရှိနေတက်တဲ့ယွီမုန်ကရှောင်းကျန့်ကိုတော့ ငယ်ငယ်ထဲက ပ,စားပေးတက်သည်။ချန်းအိမ်တော်ကိုခဏတဖြုတ်ရောက်ရောက်လာတိုင်းရှောင်းကျန့်အကြိုက်မုန့်တွေ၊အရုပ်တွေပါလာတက်သေးသည်။ရှောင်းကျန့်တဖတ်သတ်ကြိတ်ကြိုက်နေတဲ့သူကလည်းယွီမုန်ဖြစ်ဖို့များသည်။အဲ့ဒီရှောင်းကျန့်ကပစ္စည်းတစ်ခုကိုတမြတ်တနိုးနဲ့သိမ်းထားပြီးခဏခဏဖွင့်ကြည့်နေတာရိပေါ်သိပေမယ့်ဘာပစ္စည်းဆိုတာတော့ရိပေါ်မမြင်ဖူးပါ။တစ်နေ့မှအဲ့ဒီပစ္စည်းကိုလူကြားထဲထုတ်ပြပြီးရှောင်းကျန့်ကိုအရှက်ကောင်းကောင်းခွဲရပါဦးမည်။
ချိန်းထားတဲ့နေရာကိုရိပေါ်ကရောက်နေပေမယ့်အရိပ်အယောင်တောင်မမြင်ရသေးတဲ့ရှောင်းကျန့်ကြောင့်ရိပေါ်ကြောင်သွားသည်။ဒီအယုတ်တမာကဘာတွေအကွက်ရွှေ့နေပြန်တာလဲ။
တစ်ဖက်ကMr.Hanအဖွဲ့ရောက်လာတဲ့အခါပစ္စည်းချင်းလဲပေမယ့်ရိပေါ်တို့ဘက်ကပေးလိုက်တာအတုတွေချည်း။ကြိုတင်ဇာတ်တိုက်ထားတဲ့Mr.Hanအဖွဲ့ကကောင်တွေကရိပေါ်တို့ကိုဟန်ပြလောက်သာတိုက်ခိုက်သည်။ရိပေါ်ပြန်ခုခံနေရင်းတွေးနေမိတာကရှောင်းကျန့်ဘာလို့ရောက်မလာသေးတာလဲဆိုတာပင်။
![](https://img.wattpad.com/cover/272429860-288-k220213.jpg)
YOU ARE READING
Conceal (Complete)
Short Storyကျွန်တော့်ရဲ့ရှင်သန်ခြင်းကို ဘယ်မှာလိုက်လို့ရှာရပါ့မလဲ...