Conceal 2

4.1K 392 9
                                        


​ရှောင်းကျန့် ၂၆နှစ်၊ ဝမ်ရိ​ပေါ်၂၀

​ပေကျင်းကိုပြန်လည်​ခြေချခွင့်ရသည်နှင့်​ရှောင်းကျန့်ရဲ့နှုတ်ခမ်းများကပြုံး​ယောင်သမ်း​နေခဲ့တယ်။နှုတ်ခမ်းပါး​လေးကို​ကွေးညွတ်ပြီးပြုံးလိုက်တဲ့အခါ မှဲ့အနက်ကထင်းထင်းလင်းလင်း​လေး​ပေါ်လာတယ်။​အဆင်သင့်လာကြိုတဲ့ကား​ပေါ်မှာရှောင်းကျန့်ကSuitcaseကိုတင်လိုက်ပြီးမျက်လုံးမှိတ်ကာပဲချန်းအိမ်​တော်ကိုလိုက်ခဲ့တယ်။အိမ်​တော်​ရောက်သည်နှင့်တံခါးဖွင့်​ပေးမှာ​တောင်မ​စောင့်​တော့ပဲအိမ်ထဲကိုတန်းဝင်လာလိုက်တယ်။

ရင်ဝကို​ဆောင့်ကန်ဆိုသလိုပဲ။​ရှောင်းကျန့်အိမ်ထဲဝင်ဝင်ချင်း​တွေ့လိုက်ရတာကရှုပ်ပွ​နေတဲ့ကြမ်းပြင်ရယ်၊ဟိုတစ်စဒီတစ်စပြန့်ကျဲ​နေတဲ့ပစ္စည်း​တွေရယ်ပဲ။ထိုရှုပ်ပွ​​နေတာ​တွေရဲ့အဆုံးမှာမတ်တပ်ရပ်​နေသူက​တော့ ဝမ်ရိ​ပေါ်ပင်။

" ကျန်းမာပါရဲ့လား ​ရှောင်းကျန့် "

ဂုတ်​ထောက်​လောက်ရှည်​နေတဲ့ဆံပင်ကိုအပြာ​ရောင်တစ်​ခေါင်းလုံးဆိုးထားကာတွဲ​​လောင်းကျ​နေ​​သောနားကပ်တစ်ဖက်ကိုပန်ထားတဲ့သူကတစ်ချိန်က​ရှောင်းကျန့်ဆူ​ငေါက်လိုက်တိုင်းလန့်ဖြန့်သွားရတဲ့ဝမ်ရိ​ပေါ်ဆိုတဲ့က​လေးပင်။ဝတ်စားထားတာ​တွေကလည်းရှုပ်ရှပ်ခက်​နေ​​ပေမယ့်သူ့စတိုင်လ်နဲ့သူ​တော့တမူထူးကာအ​ချောကြီး​ချော​နေ​လေသည်။​ရှောင်းကျန့်က​သေချာ​လေး​ငေးကြည့်​နေ​တော့ဝမ်ရိ​ပေါ်ကလည်းမျက်လုံး​တွေ​မှေးစင်းကာကြည့်​နေ​လေသည်။

နဂိုကလိုပိန်ပိန်​သေး​သေး​လေးဖြစ်ကာလက်ဆစ်​လေး​တွေကာစ​သေးသွယ်​နေ​သော​ရှောင်းကျန့်ကဆံပင်ကိုလှန်ဖြီးထားတာ​ကြောင့်လူကြီးဆန်သလိုထင်ရ​ပေမယ့်ရိ​ပေါ်အ​နေနဲ့ဆိုရင်၊ရိ​ပေါ်ရဲ့အခုလိုခွန်အားနဲ့ဆိုရင်တစ်ချက်​ေ​ဆာင့်ဆွဲရင်​တောင်​စွေ့ခနဲ၊​​ထွေးခနဲပါလာမယ့်ပုံ​လေး။ပါး​လေး​တွေကပန်း​ရောင်သန်း​နေကာအသား​လေး​တွေကပါကြည်​နေ​သေးသည်။ထို့​နောက်တိတိပပညှပ်ထားတဲ့လက်သည်း​လေး​တွေကအစ​သွေး​ရောင်သမ်း​နေ​သေးသည်။ဒီလိုနူးညံ့​နေတဲ့မျက်နှာ​လေးနဲ့မလိုက်စွာ​ရှောင်းကျန့်ကရိ​ပေါ်ကိုမနာလိုအနိုင်ကျင့်ကာယုတ်ညံ့ခဲ့ဖူးတယ်​လေ။​မွေးစားသား​တွေထဲအခွင့်အ​ရေး​ပေးခံရတာခြင်းတူတာမို့​ရှောင်းကျန့်က​တော့​ဖေ​ဖေသ​ဘောကျ​အောင်အ​မောမခံနိုင်တဲ့​ရောဂါသည်ဆိုတာ​တောင်​​မေ့ပြီး​လေ့ကျင့်​ရေး​တွေကိုအသက်ဆယ့်တစ်နှစ်မပြည့်ခင်ထဲကဆင်းတယ်။ရိ​ပေါ်ကို​တော့အနိုင်ကျင့်ချုပ်ခြယ်ပြီးအခန်းတံခါးပိတ်ထား​လေတယ်။

Conceal (Complete) Where stories live. Discover now