Conceal 3

3.5K 356 15
                                        

" ယွဲ့ဟန် ခင်ဗျားနဲ့နှစ်​ပေါင်းများစွာကွဲသွားတဲ့မိတ်​ဆွေ​ဟောင်းကြီးပြန်​ရောက်​နေပြီ။မ​တွေ့ချင်ဘူးလား။ "

ထမင်းစားဝိုင်းမှာရိ​ပေါ်က​​မေး​တော့ယွဲ့ဟန်ကတစ်ခုခုကိုစဉ်းစား​နေသလိုဖြင့်မျက်လုံးလှန်ကြည့်တယ်။အသက်​ဆယ့်​ရှစ်နှစ်မှာယွဲ့ဟန်ကဦး​လေးရိဟန်နဲ့လိုက်သွားရကာဂိုဏ်းခွဲမှာ​နေရတယ်။ချန်းအိမ်​တော်ကိုတခါတ​လေလာဖြစ်​ပေမယ့်ချန့်းရို့ဟန်နဲ့ပဲ​တွေ့ဖြစ်​လေတယ်။​နောက်​တော့ယွဲ့ဟန်,ချန်းအိမ်​တော်ပြန်​ရောက်​လေ​တော့​ရှောင်းကျန့်ကEngland​ရောက်​နေတာ။​​ပြောမယ်ဆို​ရှောင်းကျန့်နဲ့ယွဲ့ဟန်မ​တွေ့ဖြစ်တာ ၉နှစ်​​ကျော်ဆယ်နှစ်နီးပါးရှိ​နေပြီမို့အမှတ်တမဲ့ပါပဲ။ယွဲ့ဟန်,ချန်းအိမ်​တော်ကိုပြန်​ရောက်​ရောက်ချင်းမှာပဲရိ​ပေါ်ကယွဲ့ဟန်ကိုစိန်​ခေါ်​လေတယ်။ကစားပွဲတစ်ခုရဲ့အဆုံးစည်းမျဉ်းအတိုင်းရှုံးသွားတဲ့ယွဲ့ဟန်ကရိ​ပေါ်လက်​ထောက်လုပ်ရတာပဲ။ရိ​​ပေါ်သန်မာလာပုံက​ကြောက်စရာ​ကောင်းတယ်။အမြဲလိုလို​ရှောင်းကျန့်ရိုက်တာခံ​နေရတဲ့က​လေးကဒီလိုဖြစ်လာမယ်ဘယ်သူမှထင်မထားဘူး။ယွဲ့ဟန်အ​နေနဲ့က​တော့အားနည်းတဲ့သူ​တွေကိုမုန်းတယ်။ကိုယ့်ထပ်သန်မာပြီးဦး​ဆောင်နိုင်တဲ့သူသာဆိုရင်ယွဲ့ဟန်က​​နောက်လိုက်လုပ်ဖို့ဝန်မ​လေးပါဘူး။

" မင်း​ပြောတာ ... မဟုတ်မှ ... ​ရှောင်းကျန့်လား "

" အ​သေအချာပဲ​ပေါ့ "

ယွဲ့ဟန်အံ့သြ​နေတဲ့မျက်လုံးအစုံနဲ့

" ​သူနဲ့​နောက်ဆုံး​တွေ့ခဲ့တုန်းက​တောင်သူက​တိုက်ရည်ခိုက်ရည်တော်​တော်မိုက်တာ။အသက်ဆယ့်​​ခြောက်နှစ်သာရှိ​သေးတာ ... လျင်မြန်ဖျတ်လက်​နေတာပဲ။ အခုများသာဆို ... "

ယွဲ့ဟန်က​ကြောက်ပါတယ်ဆိုတဲ့ပုံစံနဲ့ပုခုံးတွန့်ပြတယ်။ပြီးမှ

" ငါတကယ်ထင်မထားဘူး ... ​ရှောင်းကျန့်လို​ပျော့ညံ့ပြီး​ကြောက်တက်တဲ့ဟာ​လေးကဆယ့်​ခြောက်နှစ်အရွယ်​လေးနဲ့ငါ့ကိုအနိုင်ယူနိုင်လိမ့်မယ်လို့။နူးနူးညံ့ညံ့ပန်း​လေးတစ်ပွင့်လိုဟာ​လေးကမျက်စိတစ်မှိတ်အတွင်းကျားသစ်လိုအားမာန်​တွေရှိလာတာ။​ရှောင်းကျန့်နဲ့မင်းနဲ့ကအဲ့အချက်တူတယ်။ "

Conceal (Complete) Where stories live. Discover now