နှစ်ရက်ရှိပြီ။ဟိုနေ့ညကကိစ္စဖြစ်ပြီးထဲကရှောင်းကျန့်ကဝမ်ရိပေါ်ကိုရှောင်နေခဲ့တာ။မနေ့ကတရားဝင်ဆက်ခံသူလွှဲပေးတဲ့အချိန်လေးပဲရှောင်းကျန့်ကိုတွေ့လိုက်ရသည်။ဒါတောင်ဂိုဏ်းသားတွေနဲ့ယောက်ယက်ခတ်နေတာကြောင့်ခဏလေးပဲတွေ့လိုက်ရတာ။ရိပေါ်ကပဲတွေ့လိုက်ရပြီးရှောင်းကျန့်ကတော့သူရှိသည့်နေရာကိုဝေ့ဝဲတောင်မကြည့်ခဲ့ပါ။ဒီတော့ဝမ်ရိပေါ်ကပဲရှောင်းကျန့်ရှိရာဆီသွားရတာပေါ့။
ရှောင်းကျန့်ရှိနေမည့်စာကြည့်ခန်းတံခါးကိုခေါက်လိုက်တော့' ဝင်ခဲ့ 'ဆိုတဲ့အသံကြားရတာနဲ့ရိပေါ်ကချက်ချင်းဝင်လာကာတံခါးကိုလော့ချလိုက်သည်။
" ငါ မင်းကိုခေါ်မထားဘူးထင်တာပဲ "
" ကိုယ့်သဘောနဲ့ကိုယ်ဝင်လာတာလေ။ လေစိမ်းတွေမတိုက်စမ်းပါနဲ့ ... သူစိမ်းတွေမှမဟုတ်တော့တာ။လူချင်းမရင်းနှီးတောင်ခန္ဓါကိုယ်ချင်းရင်းနှီးခဲ့တာပဲမလား။ "
ရှောင်းကျန့်မျက်နှာမှာအနီရောင်လှိုင်းတွေဖျတ်ပြေးသွားခဲ့ပြီးမှဘာမှမကြားခဲ့သလိုခပ်တည်တည်နဲ့သာစာအုပ်ကိုဆက်ဖတ်နေလိုက်သည်။စာအုပ်ကိုင်ထားတဲ့ညာဖက်လက်ချောင်းလေးတွေတုန်ယင်နေတာကိုရိပေါ်ကကြည့်ပြီးခပ်မဲ့မဲ့ရယ်လိုက်ကာ
" ခင်ဗျားကထင်သလောက်လည်းမဆိုးပါဘူး။အဲ့နေ့ညကခင်ဗျားတကယ်မိုက်တယ်။ မီးရောင်နဲ့သာဆို ဘယ်လောက်တောင်မိုက် ... "
ရှောင်းကျန့်ကလက်ထဲကစာအုပ်နဲ့ရိပေါ်ကိုပစ်ပေါက်လိုက်တာမို့ရိပေါ်ရဲ့ကျင့်သားရပြီးသားခန္ဓါကိုယ်ကအလျင်အမြန်ရှောင်လိုက်ရသည်။
" မင်း ... ထွက်သွားစမ်း ။ ငါအပြစ်မပေးခင် ... ထွက်သွား"
ရှောင်းကျန့်ကဒေါသအရှိန်ကြောင့်ရှောင်းကျန့်မျက်နှာကနီမြန်းနေကာအသားတွေတဆက်ဆက်တုန်နေသည်။သိပ်ကိုခံပြင်းနေပုံ။ရိပေါ်လိုချင်တာလည်းဒီလိုပုံစံပင်ဖြစ်သည်။
" ဒေါသကလည်းကြီးလိုက်တာ ... ဟိုနေ့ကဖြင့်ကျွန်တော့်ကြောင့်လှုပ်တောင်မလှုပ်နိုင်ပဲနဲ့များ "
YOU ARE READING
Conceal (Complete)
Short Storyကျွန်တော့်ရဲ့ရှင်သန်ခြင်းကို ဘယ်မှာလိုက်လို့ရှာရပါ့မလဲ...