ကမ်းခြေကပြန်လာပြီးတဲ့နောက် ရှောင်းကျန့်က
ဝမ်ရိပေါ်ကိုသိသိသာသာရှောင်နေခဲ့တယ်။
ဝမ်ရိပေါ်ကလည်းရှောင်းကျန့်ကိုလာမရှာတော့ဘူး။
အရင်ကရင်နှီးမှုတွေဟာမရှိခဲ့သလိုပဲ ပုံမှန်အတိုင်း
ပြန်လည် လည်ပတ်နေတယ်။"ရှောင်းကျန့် မနက်ဖြန်နော်"
"အင်းပါ သေချာပြင်ထားနော်"
"ငါကစိတ်ချပါ မင်းသာအစစအရာရာ ဂရုစိုက်"
"ကျွန်တော်ကဘာဖြစ်နေလို့လဲ အစ်ကိုကလည်း"
"ဘာမှမဖြစ်ပါဘူး ဖြစ်မှာစိုးလို့ ဒီတခေါက်
အကောင်ကနည်းနည်းကြီးတယ်""သိပါတယ် အဲ့ကြောင့်မို့ ညှိနှိုင်းဖို့ပဲ ဆုံးဖြတ်ထား
တာပေါ့...လုံးဝမရမှသာ အခြေအနေအရကြည့်လုပ်ရမှာပဲ""ဒါနဲ့ ဝမ်ရိပေါ်ရော မင်းဆီမလာတော့ပါလား"
"အင်း"
"နောက်ထက်ရန်ဖြစ်ပြန်ပီလား"
"မဖြစ်ပါဘူး ဒီလိုပါပဲလေ လူပဲစိတ်အမျိုးမျိုး
ပြောင်းနိုင်တာပေါ့""မနက်ကမင်းဆီလာတော့ မင်းရဲ့ဟိုဘူးလေးကို
မတွေ့ရဘူးနော် ဘာမှန်းမသိပေမယ့် အမြဲတမ်း
ဆောင်နေကျဆိုတော့ အရေးကြီးမယ်ထင်လို့""အော် အဲ့တာလား ပိုင်ရှင်ပြန်ယူသွားပီလေ"
"ပိုင်ရှင်??? "
"ဟုတ်တယ် ပိုင်ရှင်အစစ်ဆီပြန်ရောက်သွားတာ
ကျွန်တော်ကခနတဖြုတ်သိမ်းထားပေးရုံတင်"ရှောင်းကျန့်ရဲ့တည်ငြိမ်ပီးမှန်းရခက်တဲ့မျက်ဝန်းတွေ
ကြောင့် ယွီမုန့်ကဆက်မမေးဖို့ဆုံးဖြတ်လိုက်တယ်။"ငါ့ကောင်ကြီး ငြိမ်နေပါလား ဒီနေ့ မင်းကိုကိုဆီ
မသွားတော့ဘူးလား""မသွားပါဘူး သွားစရာလား "
"မင်းဟိုတုန်းကကျ ကိုကို ကိုကိုနဲ့ဖြစ်နေပီး
အခုကျဘာတွေဖြစ်""ငါလား အဲ့တာfakeကြီးလေ..သူများဆီကလိုချင်တာရှိမှတော့ အချိုသတ်ရမှာပေါ့..အခုတော့
မလိုတော့ဘူး ငါလိုချင်တာကရပီးသွားပီလေ"
YOU ARE READING
Conceal (Complete)
Short Storyကျွန်တော့်ရဲ့ရှင်သန်ခြင်းကို ဘယ်မှာလိုက်လို့ရှာရပါ့မလဲ...