အဖွဲ့ထဲကအခြားကလေးများကိုလေ့ကျင့်ပေးနေရင်း
ခနနားကာဘေးကမြက်ခင်းပေါ်ထိုင်ချလိုက်တဲ့
ရိပေါ်ဆီကို ယွဲ့ဟန်ကပြေးလာတယ်။"ရိပေါ် မင်းစုံစမ်းခိုင်းတဲ့ဟာတွေ ရလာပီ
အယ် မင်းမျက်နှာကဘာဖြစ်တာလဲ"ယွဲ့ဟန်ကသူ့ဘေးကပ်ထိုင်ကာ ရိပေါ်မျက်နှာကို
ဆွဲကာကြည့်တော့ ယွဲ့ဟန်လက်ထဲက ရုန်းထွက်လိုက်တယ်။"ကြည့်ရတာ ခေါင်းဆောင်နဲ့ပြသနာတက်လာပြန်ပီ
မလား ဒီတခေါက်ကဘာဖြစ်လို့လဲ""မင်းသိစရာမလိုဘူး"
"မင်းကငါ့ကိုမှမပြောရင် ဘယ်သူ့ကိုပြောပြစရာ
ရှိသေးလို့လဲ မဟုတ်မှလွဲ ဒီလိုဘူပိတ်နေပုံ
ထောက်ရင် ခေါင်းဆောင်နဲ့ကောယွီမုန့်ကြောင့်လား""လျှာမရှည်နဲ့ ငါခိုင်းထားတဲ့ဟာတွေပဲပြော"
"အေးပါကွာ အေးပါ
ခေါင်းဆောင်တို့က အခုဟန်ဂိုဏ်းကိုရန်စဖို့ပြင်နေတယ်""ဒီလူရူးနေလား အဲ့ဂိုဏ်းကဘာဆိုတာတောင်မသိပဲ
ဟိုကမြွေပွေးလိုမျိုး သူ့တို့ကိုထိရင်အကုန်ငြိမှာ""အေးလေ ဒါပေမယ့် ကောယွီမုန့်ကအချဉ်တော့
မဟုတ်ဘူးနော် ဟန်ဂိုဏ်းကလျှို့ဝှက်ထားတဲ့အချက်
တွေရော အခုလှမ်းနေတဲ့ခြေလှမ်းတွေရော အကုန်
စုံစမ်းပီးသား ခေါင်းဆောင်ကအချက်ပြလိုက်တာနဲ့
တို့လူတွေကခြေလှမ်းစတော့မှာ""မင်းပြောချင်တာက "
"ဟုတ်တယ် ငါတို့သစ္စာခံတွေက သူတို့ဂိုဏ်းထဲ
ရောက်ကုန်ပီ""ဒီလူအဆိပ်ပြင်းလိုက်တာ...မင်းလည်းပြင်ထား
ရှောင်းကျန့်နောက်ကနေတိတ်တဆိတ်လိုက်ရမယ်
မင်းနဲ့ငါပဲသိပါစေနော် ""စိတ်ချပါ ငါကအမြဲအသင့်ပဲ"
ကလေးတွေကိုလေ့ကျင့်ပေးရမယ့်တာဝန်အား
ယွဲ့ဟန်ကိုလွှဲပေးခဲ့ရင်း ဝမ်ရိပေါ်ရဲ့ခြေလှမ်းများက
ခေါင်းဆောင်ရဲ့အခန်းဆီသို့.......Conceal
ရှောင်းကျန့် အစ်ကိုယွီမုန့်ပေးတဲ့စာရင်းတွေကို
ပြန်စစ်ပီးတော့မျက်စိကိုခနအနားပေးလိုက်သည်။
YOU ARE READING
Conceal (Complete)
Historia Cortaကျွန်တော့်ရဲ့ရှင်သန်ခြင်းကို ဘယ်မှာလိုက်လို့ရှာရပါ့မလဲ...