1

3K 270 11
                                    


Cause all of me ….
Love all of you ….
Love your curves and all your edges ……..
All your perfect imperfections ……..
Give your all to me…….
I’ll give my all to you……
အဝေးပြေးလမ်းတစ်နေရာမှာ ကားတစ်စီးသည် ပုံမှန်အရှိန်နှုန်းဖြင့် မောင်းလာပြီး အထဲမှကားမောင်းလာသူကတော့ သီချင်းတအေးအေးညည်းဆိုနေသည်။ မနက်အစောပိုင်းမို့လို့ မြူသိပ်မကွဲသေးတာနဲ့ ကားကို ဂရုတစိုက် မောင်းလာလေ၏။
ထိုစဉ် အရှေ့ခပ်လှမ်းလှမ်းမှာ သူ့ကားကိုလက်နှစ်ဖက် ဝှေ့ယမ်းပြနေသည့် လူတစ်ဦးကြောင့် ကားထဲကလူသည် မျက်မှောင်ကုတ်ပြီး သေချာစူးစိုက်ကြည့်လိုက်သည်။ အိမ်စီးကား တစ်စီးကို လမ်းဘေးကပ်ရပ်ထားပြီး လူအချို့လည်းရှိနေ၍ ကားပျက်လို့ သူ့ကို အကူအညီတောင်းတာပဲဖြစ်မည်ဟု တွေးလိုက်
မိ၏။ ယခုလို ယာဉ်အသွားအလာနည်းပါးသည့် အမြန်လမ်းမပေါ်
မှာ သူ့ကားကို ရပ်သင့်မရပ်သင့် တစ်ချက်စဉ်းစားပြီးမှ ထိုလူတွေဟာ လူကောင်း ဖြစ်ပုံပေါ်ပြီး အမှန်တကယ် အခက်အခဲဖြစ်နေပုံကြောင့် အရှိန်လျှော့ပြီး လမ်းဘေးကပ်ရပ်လိုက်သည်။

ကျွိ …………!

မလှမ်းမကမ်းမှလူတစ်ဦးသည် သူ့ကာအနားပြေးလာပြီး ခါးကိုင်းလျက် ကားပြတင်းပေါက်ကနေ သူ့ကိုကြည့်လာကာ အကူအညီတောင်းခံသည်။

“ကားရပ်ပေးတဲ့အတွက် ကျေးဇူးပါ။ ကျွန်တော်စီးလာတဲ့ကားက ဘီးပေါက်သွားလို့ ခရီးမဆက်နိုင်ဖြစ်နေတယ်။ ကျွန်တော် ရန်ကုန်ကိုအရေး တကြီးသွားစရာရှိလို့ပါ။ ကူညီလို့ရမယ်ဆို ကျွန်တော့်ကို လမ်းကြုံတင်ခေါ်လို့ရမလား"

ရည်ရည်မွန်မွန်နှုတ်ဆက်လာသည့် အပြင်ကလူကိုကြည့်ပြီး ကားထဲက လူသည် ရုတ်တရက်ကြီး ဆွံ့အသွားသလိုဖြစ်သွားကာ သူ့ကိုအကြာကြီးစိုက်ကြည့်ကြည့်နေသည်။ ဒါကြောင့် အပြင်ဘက်မှာ ရပ်နေသည့်လူက ကားထဲကလူ သူ့ကိုယုံကြည်အောင် မှတ်ပုံတင်ကို မြင်သာအောင်ထုတ်ပြပြီး သူ့ကိုယ်သူ အရင်မိတ်ဆက်လိုက်သည် ။

“ဟို… ဒါကကျွန်တော့်မှတ်ပုံတင်ပါ၊ ကျွန်တော့်နာမည်က အသွေးသစ်ပါ ။ ကျွန်တော် ရန်ကုန်မြို့ကို အရေးပေါ်သွားရမှာမလို့ ရွေးချယ်စရာမရှိတာနဲ့ ကားကြုံစောင့်နေတာ။ အဆင်မပြေရင်လည်း ကျွန်တော့်ကို ကားဂိတ်နဲ့ အနီးစပ်ဆုံးတစ်နေရာအထိလိုက်ခွင့်ပြုပါလား။ လမ်းမှာ ယာဉ်ရပ်နားစခန်းတွေရှိရင်လည်း အဲ့ဒီမှာပဲချခဲ့လို့ရပါတယ်။ ကျွန်တော် ကားကြုံတစ်စီးစီးရှာလိုက်ပါမယ် “
ကားပေါ်ကလူသည် အသွေးသစ်ကို တစ်ချက်ကြည့်ပြီး နာရီကို ငုံ့ကြည့်ကာ ကားတံခါးကို ဖွင့်ပေးလိုက်သည် ။

Who are you?Where stories live. Discover now