EP 4

1K 197 2
                                    

အလှူပွဲရှိတယ်ဆိုလို့ အမေ့မှာ မနက်အစောကြီးကတည်းက ချုပ်ထားတဲ့ပါတိတ်ဝမ်းဆက်ကို စက်ဆိုင်ကစောင့်ယူပြီး ပြန်လာကာ ရေမိုးချိုးသနပ်ခါးလိမ်းထားလေပြီ ။ ဖခင်ဖြစ်သူကတော့ ရိုးရိုးရှပ်တစ်ထည်နဲ့ဦးဂျမ်းပုဆိုးကိုထုတ်ဝတ်လျှက် အိမ်အပြင်မှာ သတင်းစာထိုင်ဖတ်ကာ စောင့်နေလေ၏ ။ ဒီအလှူကရပ်ကွက်ထဲကအလှူဖြစ်တာကြောင့် အသွေးသစ်မှာလည်း မလိုက်ချင်လည်းလိုက်ရပေဦးမယ် ။ အလှူမှာဝိုင်းလုပ်ကူရင်း မေမေ့ဆီကမုန့်ဖိုးညာတောင်းကာ ဒီတစ်ပတ်ပိတ်ရက် ဝါဆိုတို့နဲ့ရုပ်ရှင်ကြည့်ဖို့ ချိန်းရပေဦးမည် ။ ကိုယ်ကအလှူရှင်လည်းမဟုတ်တာကြောင့် ပေါ့ပေါ့ပါးပါးဖြစ်မည့် တီရှပ်တစ်ထည်နဲ့ပုဆိုးကြမ်းတစ်ထည်ကိုကောက်ဝတ်ကာ ဆံပင်ကိုတော့ ဂျယ်အနည်းငယ်ထည့်ပြီး သပ်တင်ထားလိုက်၏ ။

" ဟိုသားအမိသုံးယောက်က အခုထိမပြီးသေးဘူးလား ။ သူများအလှူမှာဘာတွေများ ကြွားစရာရှိလို့ ဒီလောက်ထိကြာနေရတာလဲ "

ပြင်ပဆီမှ ဖေဖေ့ရဲ့အော်သံကြောင့် အသွေးသစ်သည်အခန်းထဲမှ ကမန်းကတမ်းထွက်ကာ ဖခင်ဖြစ်သူအနားယောင်လည်လည်ရပ်နေလိုက်၏ ။ ဝါဆိုကိစ္စနဲ့ပက်သက်ပြီး သားအဖနှစ်ဦးကြားနည်းနည်းလေး ကတောက်ကဆဖြစ်ထားတာကြောင့် ခုရက်ပိုင်းမျက်နှာချင်းဆိုင်ကာ စကားမပြောဖြစ်ကြ။ ခဏအကြာမှ သားအမိနှစ်ဦးထွက်လာတာကြောင့် ဖေဖေသည်အိမ်ရှေ့တက္ကစီထွက်ငှါးကာ အလှူအိမ်ရှိရာသို့ ထွက်လာကြလေ၏ ။

အလှူအိမ်သို့ရောက်လျှင်ရောက်ချင်း ရပ်ကွက်ထဲက လူငယ်တစ်ချို့က သူတို့ကိုဘုန်းကြီးတရားနာရတော့မည်ဖြစ်ကြောင်းပြောပြီး နေရာထိုင်ခင်းဆီသို့ ခေါ်သွားလေ၏ ။ အသွေးသစ်ကမူ တရားနာပြီးလျှင် ကျွေးမွေးဧည့်ခံရန်အတွက် လုပ်ကူကိုင်ကူရန် နောက်ဖေးဆီထွက်လာလိုက်သည် ။ ထိုအချိန်တိုက်တိုက်ဆိုင်ဆိုင်ပင် လည်ကတုံးအင်္ကျီဖြူနှင့် ပုဆိုးကိုခပ်တိုတိုဝတ်ကာ ရေဆွဲနေသည့် ဝါဆို့ကိုမြင်လိုက်ရလေ၏ ။ အလှူရှင်ကသူတို့အပေါင်းသင်းထဲကပဲဆိုတော့ ကူညီရန်အတွက် ဝါဆိုဒီနေရာမှာ ရှိနေတာ မဆန်းပါ ။ ဆန်းတာက ဝါဆို့ကိုမြင်ပြီး ထိတ်လန့်သွားသည့် အသွေးသစ်ကိုယ်တိုင်သာလျှင် ။ ဖေဖေပါလာတဲ့ထိုနေရာမှာ ဝါဆိုနဲ့သာတိုက်ရိုက်တွေ့သွားခဲ့ရင် ၊ ဖေဖေကလူအများရှေ့ ဝါဆို့ကိုဆိုးဆိုးဝါးဝါးဆက်ဆံခဲ့လျှင်ဆိုသည့်အတွေးက သူ့အားအမှန်တကယ်ထိတ်လန့်စေ၏ ။

Who are you?Where stories live. Discover now