ep 5

1K 201 12
                                    

စာသင်နှစ်စကတည်းက မုန့်ဖိုးနည်းနည်းစီဖယ်ကာစုထားတဲ့ စုဗူးလေးကိုလှုပ်ကိုင်ရင်း ဝါဆိုတစ်ယောက်ငူငူငေါင်ငေါင်ထိုင်နေတာကို ဖွားအေဖြစ်သူကမြင်တော့ ချုပ်လက်စအ၀တ်ကို စက်ပေါ်မှာပင်တင်ထားရင်း လှည့်လာလိုက်သည် ။

" ပိုက်ဆံလိုလို့လား မြေးလေး "

" ဟမ် ... မလိုပါဘူး ဖွားရယ် ၊ သားတို့ကျောင်းကနေ လေ့လာရေးခရီးလေးရှိလို့ လိုက်သင့်မလိုက်သင့် စဉ်းစားနေတာပါ "

" ပိုက်ဆံလိုတယ်ဆိုရင်လည်း ဒီတစ်ခေါက် သားရဲ့အဖေဖုန်းဆက်လာရင် ပိုတောင်းလိုက်လေ "

ဖေဖေ့နာမည်ပါလာတာကြောင့် ဝါဆို၏မျက်နှာအနည်းငယ်တည်တင်းသွားလေ၏ ။ ခဏလေးပဲခရီးသွားတာပါ သိပ်မကြာခင်ပြန်လာခဲ့မယ်ပြောပြီး သူအလယ်တန်းကျောင်းသားအရွယ်ကတည်းကထွက်သွားတာ ယခုချိန်ထိပြန်မရောက်ရှိလာခဲ့ ။ ပိုက်ဆံတွေအများကြီးမလိုဘူး ၊ ရှိအတူမရှိအတူ ဒီမှာပဲအတူရှာစားဖို့ အဖွားကဖြောင်းဖြခဲ့တာတောင် လက်ဗလာနဲ့ပြန်မလာချင်ဘူးဆိုပြီး ရေမြေရပ်ခြားမှာပင် ယနေ့ထိသောင်တင်နေလေ၏ ။ ဝါဆိုက ဖခင်ဖြစ်သူကိုမုန်းလို့မဟုတ် ၊ အနည်းငယ်စိတ်ဆိုးမိတာကလွဲရင် သနားတာကြောင့် သူ့ကိုမလိုအပ်ဘဲ ပိုက်ဆံအများကြီးပိုမတောင်းချင် ။ ဒါ့အပြင် ဖခင်ဖြစ်သူလစဉ်ပို့ပေးသမျှကို အိမ်အသုံးစရိတ်ဖယ်ပြီး ဘဏ်ထဲတစ်ချို့တစ်ဝက်အပ်ထားပေးခဲ့၏ ။ ဒါမှဖခင်ဖြစ်သူကို အမြန်ဆုံးပြန်ခေါ်နိုင်လိမ့်မည်ဟု သူတွေးမိခဲ့သည် ။

ဖွားဖွားကတော့ သူ့အပေါ်ဂရုစိုက်ရှာပါ၏ ။ နာတာရှည်ရောဂါမရှိပေမယ့် အသက်ကြီးသူမလို့ ကျန်းမာရေးကတော့ အရင်လိုမဟုတ် ။ ရေချိုးမှား အစားမှားရင်တောင် ဆေးခန်းကိုပြေးရသည် ။

" ကျောင်းသားဘ၀မှာပဲရတဲ့အခွင့်အရေးကို သွားဖြစ်အောင်သွားပါ သားရယ် ၊ ငွေကပြန်ရှာလို့ရပါတယ် ၊ ငယ်ရွယ်နုပျိုတာက ငွေနဲ့ပြန်ဝယ်လို့မရဘူး ။ ဒါကြောင့်ငယ်ရွယ်တုန်းမှာ လူငယ်တစ်ယောက်လိုပေါ့ပေါ့ပါးပါးနေပြီး ပျော်ပျော်ရွှင်ရွှင်နေပါ "

" သားနားလည်ပါတယ် ။ ဒါနဲ့မိုးတောင်ချူပ်တော့မယ် ၊ မီးမဖွင့်ဘဲစက်ချုပ်နေတာလား "

Who are you?Where stories live. Discover now