ep 7(final)

2K 245 61
                                    

ဝုန်း ......

စက်ဘီးကိုအိမ်ရှေ့မှာတင် ပစ်ထားခဲ့ပြီး သူ အိမ်ထဲကိုဒုန်းစိုင်းပြေးဝင်လာခဲ့လိုက်သည် ။ ဖေဖေက အလုပ်သွားနေတာမလို့ ရုပ်မြင်သံကြားသတင်းနားထောင်ရင်း အ၀တ်မီးပူတိုက်နေသည့် မေမေ့ကိုသာတွေ့ရ၍ သူမေ့မေ့အနားပြေးသွားကာမေးလိုက်သည် ။

" မေမေ သိနေတယ်မလား ၊ မေမေသိရက်နဲ့ သားကိုတမင်ဖုံးဖိထားတာမလား ။ ဒါကြောင့်မလို့ ဒေါ်လေးမေတို့အိမ်မှာ တစ်ပတ်သွားနေတာတောင် ပြန်လာမခေါ်ဘဲ ဒေါ်လေးတို့ကိုခေါ်ထားခိုင်းခဲ့တာမလား "

" သား .. ဘာဖြစ်လာတာလဲ ။ ဘယ်လိုဖြစ်ပြီး ဒီအချိန်ကြီးကျောင်းကနေ ပြန်လာရတာလဲ "

" ဝါဆိုရဲ့အဖွားဆုံးသွားတာကို သိရက်သားနဲ့ သားကိုတမင်ဖုံးကွယ်ထားကြတာမလား .. ပြောလေ "

မေမေ့၏မျက်နှာသည်အကြီးအကျယ်ပျက်ယွင်းသွားပြီး ချက်ချင်းပင်မျက်နှာလွှဲသွား၏ ။ မေမေ့သည်သူ့အားနားလည်ပေးသည့်တစ်ဦးတည်းသောသူဟု မှတ်ယူထားသော်လည်း ယခုမူကား မေမေ၏အပြုအမူကို သူနားမလည်နိုင်တော့ ။

" မင်းအဖေရှေ့ ဒီလိုဒေါသမထွက်မိစေနဲ့ ၊ သတ္တဝါတစ်ခုကံတစ်ခုပဲလေ ၊ အခုလိုဖြစ်သွားတော့ မေမေတို့ဘာတတ်နိုင်မလဲ ၊ မေမေတို့ရဲ့အပြစ်မကင်းပေမယ့် ဒါကသားရဲ့အမှားအကုန်မဟုတ်ပါဘူး ။ ပြီးတော့ မေမေတို့ နာရေးကူငွေကိုတတ်နိုင်တာထက်ပို ထည့်ထားပါတယ် "

" တော် .... တော်ပါတော့ဗျာ .. "

အခုချိန်မှာ မေမေ့ကိုလည်းသူဒေါသမထွက်နိုင် ။ သူ့ကိုသူသာဒေါသထွက်ရင်း အံကြိတ်နေမိ၏ ။ မေမေ့အကျင့်က သူတစ်ယောက်တည်းရှိနေလျှင် ရုပ်မြင်သံကြားသတင်းကို အသံနည်းနည်းချဲ့ပြီးနားထောင်တတ်သည့်အကျင့်ရှိ၏ ။ ဘ၀သည်ဤမျှလောက်ရုပ်ရှင်မဆန်ဘူးဟု ထင်ထားသော်လည်း အထင်အမြင်လွှဲမှားစွာဖြင့် ကံတရားကသူ့ကိုမျက်လှည့်ပြခဲ့၏ ။

" ရန်ကုန်မှ ( .... ) သို့သွားရာအမြန်လမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်၍ ကယ်ဆယ်ရေးများချက်ချင်းသွားရောက်သည့်အကြောင်းကို ကျွန်မတို့ ( ... ) ရုပ်သံလိုင်းမှတိုက်ရိုက်သတင်းယူတင်ဆက်နေပါတယ်ရှင် ။ ယနေ့ ... "

Who are you?Where stories live. Discover now