ep2

1.3K 204 6
                                    

ခွပ်.... !

အိမ်၏ဧည့်ခန်းထဲတွင် အိမ်ထောင်ဦးစီးဖြစ်သူဖခင်သည် ၁၈ နှစ်အရွယ်သာရှိသေးသည့် သူ၏သားဖြစ်သူကို စိတ်ဆိုးမာန်ဆိုးနှင့် လက်သီးဆုပ်နှင့်ထိုးလိုက်သောကြောင့် မိသားစုဝင်အားလုံး အထိတ်တလန့်ဖြစ်နေကြသည် ။ ဤမိသားစုသည် ရှေးရိုးဆန်ပြီး အိမ်ထောင်ဦးစီး၏ စကားသည် အမိန့်တဖွယ်ဖြစ်၏ ။ မိခင်ဖြစ်သူနှင့်သမီးငယ်သည် ခြေရင်းနားထိုင်နေသော်လည်း ၀င်ဆွဲဖို့ရာ မစွမ်းသာ ။ ဒါကြောင့် သူမသည် သားဖြစ်သူကိုသာ ချွေးသိပ်ကာ ဖခင်လက်မှလွှတ်အောင်ကူပြောပေးရှာသည် ။

" အသွေးသစ် ... သား ၊ သားရဲ့ဖေဖေကို တောင်းပန်လိုက်ပါ။ ပြီးတော့ သားတို့ချင်းရိုးသားပါတယ်ဆိုတာကိုလည်း ဖေဖေ့ကို သေချာရှင်းပြလိုက်ပါ "

" ကျွန်တော်ဒီထက်ပိုလည်း ရှင်းမပြတတ်တော့ဘူး မေမေ ၊ ဖေဖေကိုယ်တိုင်က ကိုယ့်သားသမီးကို မယုံဘဲ ပတ်ဝန်းကျင်စကားကိုသိပ်ယုံတာကိုး"

စပ်ဖျင်းဖျင်းဖြစ်နေတဲ့နူတ်ခမ်းကို လက်ချောင်းနဲ့တစ်ချက်ဖိရင်း သူ မတိုးမကျယ်သာ ပြန်ဖြေလေ၏ ။ သူ့အသက် ၁၈ နှစ်ရှိပါပြီ ၊ အခုအရွယ်အထိ ကျေးဇူးရှင်ဖခင်ကို စကားလေးတစ်လုံးနဲ့တောင် မတော်လှန်ဖူးပါ ။ သူက လိမ်မာတဲ့သားတစ်ယောက်လို့ မဆိုလို ။ ကျောင်းမှာ ၊ သူ့ပတ်ဝန်းကျင်မှာ ၊ မေမေ့ရှေ့မှာ သူနည်းနည်း ပေတေနေမိရင် နေမိလိမ့်မယ် ။ ဒါပေမယ့် ဖေဖေ့ရှေ့ရောက်ရင် သူဟာအင်မတန်ရိုကျိုးတတ်သော သားတစ်ယောက် ။ ဖေဖေဟာ သားသမီးကို အကြောက်တရားနဲ့အုပ်ချုပ်သည့် ဖခင်မျိုး ။

သူ့စကားကိုကြားတော့ ဖေဖေက သူ့ကိုမထီမဲ့မြင်ပြုတယ်ထင်ပြီး ပိုပြီးဒေါသထွက်လာရော ။

" ဒါဆို လူမြင်ကွင်းထဲမှာ မင်းရဲ့ပေါင်ပေါ် အဲ့ဒီကောင်လေးအိပ်နေတယ်ဆိုတဲ့ကိစ္စကို မင်းဘယ်လိုရှင်းမလဲ "

" သားပြောပြီးပြီလေ ၊ ဝါဆိုက နေမကောင်းလို့ သူ့သက်တောင့်သက်သာ အိပ်ပါစေဆိုပြီး သားပေါင်ပေါ် ပေးအိပ်လိုက်တာ ။ ပြီးတော့ သားတို့က ကျောင်းဘောလုံးပွဲကြည့်နေတာလေ ၊ တခြားကျောင်းသားကျောင်းသူတွေ အများကြီးရှေ့ မရိုးမသားစိတ်နဲ့ အခုလို လုပ်ရဲပါ့မလား ၊ ပြီးတော့ သူက .."

Who are you?Where stories live. Discover now