အလွန်တရာမှသာယာပြီး
တောတောင်စိမ်းစိမ်းဖြင့်
ပိုးအထည်အလိပ်တို့နှင့်
ငွေထည်သလင်းကျောက်မျိုးစုံတို့
ို့ပေါများသောဝမ်းတိုင်းပြည်ကြီးသည်
အင်အတန်မှအေးချမ်းပြီး
သာယာလွန်းသည်။ထိုသို့ကြွယ်ဝ
ချမ်းသာသော တိုင်းပြည်ကြီးသည်
ရေကြောင်းကုန်ကြောင်းစီးပွား
ရေးလမ်းအသွယ်သွယ်၏
အလယ်ဗဟို၌တည်ရှိသည်မို့
အခြားသောတိုင်းပြည်များဟာ
ဝမ်းတိုင်းပြည်ကိုမျက်စိကျကြသလို
ထိုတိုင်းပြည်နှင့်မဟာမိတ်ဖွဲ့ချင်
ကြသည်ကများသည်။သို့ပေမယ့်
အချို့အင်အားကြီးတိုင်းပြည်များက
အင်အားနဲ့သိမ်းပိုက်ချင်ပေမယ့်
ဝမ်းတိုင်းပြည်၏အထူးစစ်အင်အား
အဖွဲ့ဖြစ်တဲ့ ရှင်းယာ အဖွဲ့အစည်း
ကြီးကိုမယှဉ်နိုင်ကြ၍ခွက်ထိုးခွက်လန်
အရေးနိမ့်ခဲ့သူများသာရှိသည်။
ထိုသို့အဘက်ဘက်မှပြည့်စုံသော
ဝမ်းတိုင်းပြည်မှာတစ်သီးတစ်ခြား
အင်ပါယာအဖြစ်လောကအလယ်
မားမားမတ်မတ်ရပ်တည်လို့နေသည်။သို့ပေမယ့်တစ်နေ့သောအခါ
ပျက်စီးနေသောတိုင်းပြည်ငယ်လေး
တစ်ခုဟာနှစ်ပေါင်းများစွာကျားကုတ်
ကျားခဲကြိုးစားလာပြီး တိုင်းပြည်အပေါင်းတို့အားသိမ်းပိုက်
ကာ အင်အားကြီးအင်ပါယာတို့ဖြင့်
ပြိုင်ဘက်ကြီးဖြစ်လို့လာသည်။
ထိုတိုင်းပြည်လေးမှာ ကျိုးတိုင်းပြည်
ဖြစ်လေသည်။ကျိုးဧကရာဇ်
ဟောင်းသည်ထိုသို့မိမိအင်ပါယာ
ကိုတိုးချဲ့ရင်းမှရုတ်တစ်ရက်နတ်
ရွာစံသွား၍ပထမသားတော်
ဖြစ်တဲ့အိမ်ရှေ့စံကျိုးကျစ်ရှုးဟာ
အသက်15နဲ့တင်နန်းတက်ခဲ့ပြီး
ကျိုးအင်ပါယာကြီးကိုပါးနပ်သော
အရည်အချင်းများဖြင့်ဆက်လက်
ချဲ့ထွင်ခဲ့ရာ ပဒေသရာဇ်ရဲ့
ဧကရာဇ်မင်းဖြစ်လို့လာခဲ့သည်။
အခြားသော အင်ပါယာများသည်
အညံ့ခံကာ ကျိုးအင်ပါယာသို့
ခိုလှုံလာကြသည်အထိ ကျိုးဧကရာဇ်
ကအရည်အချင်းရှိလှသည်။
သို့ပေမယ့်ကျိုးအင်ပါယာကိုတစ်တန်း
တည်းထားဆန့်ကျင်နိုင်သေးသော
ဝမ်းအင်ပါယာနှင့်ရဲ့အင်ပါယာ
နှစ်ခုသာကျန်ရှိနေလေသည်။သို့ပေမယ့်၈နှစ်ကြာပြီးနောက်
ဝမ်းအင်ပါယာ၏ ညီလာခံတွင်....