နောက်နေ့နံနက်တွင် ဝမ်းခဲ့ရှင်သည်
မိဖုရားကြီးအဆောင်အယောင်တို့
အပြည့်ဖြင့် လေသာဆောင် ပြတင်းဝ
၌သိမ်မွေ့ညင်ယာစွာ
ဒူးတစ်ဖက်ထောင် ဂါဝန်ကြီးကို
ပေါင်ရင်းထိဆွဲမပြီး မေးကိုလက်
ထောက်ကာညှိုးငယ်စွာထိုင်နေပါ၏။
မနေ့ညတုန်းက မတရား ဒွန့်လိုက်
ရ၍ယနေ့တွင်သူတစ်ကိုယ်လုံး
ကိုက်ခဲနေပြီဖြစ်သည်။သိုင်းပညာ
ကို၇ရက်၇လီမအိပ်မနေကျင့်ခဲ့
ဖူးပေမယ့် ဘယ်လိုမှမနေခဲ့ပဲ
တီကောင်ဆားနဲ့ပက် မျောက်ဖင်
မီးလောင်ထားသလို ခုန်ပေါက်
ကရခြင်းက သူ့ကိုအတော်လေး
ပင်ပန်းသွားစေသည်ကိုတော့
သူလဲမထင်ထားမိ။သူကညောင်းညာ
ကိုက်ခဲနေသည်မို့ ကုရှန်းက
နောက်မှနေပြီး ပုခုံးကိုနှိပ်၍
ခစားနေရလေသည်။"အားရှန်း..ဘယ်ဘက်နည်းနည်း..."
"အောက်နားလေးကိုရော..."
"ညောင်းကိုက်နေတာပဲ..အား...""ဒီနားလား သခင်..."
"အင်းဟုတ်တယ် ခပ်ပြင်းပြင်းလေး
ထုစမ်းပါ...""အဲဒီ ကဝေမကြီး သခင့်ကို
မတရားတွေအရှက်ခွဲချင်နေတာနဲ့
သခင်အခုတော့ မလုပ်ဖူးတာတွေ
လုပ်ပြီးကိုယ်လက်တွေကိုက်ကုန်ပြီ"
"သခင် ကျမ အဲ့ဘွားတော်ကြီးကို
ပြန်စော်ပေးရမလား...""အားရှန်း..ညာဘက်ကိုတိုး..."
"အဲ့အဖွားကြီးကို ဝမ်းနှုတ်ဆေးတွေ
ခတ်ပစ်တာမျိုးတို့..."
"ဆံပင်တွေရိတ်ပစ်တာတို့ ကျမ
လုပ်ပေးရမလား...""ကုရှန်းရေ..ဒီကိစ္စ က ငါနဲ့သူနဲ့
ကြားက ပွဲပါ မင်းဝင်မပါနဲ့.."
"မင်းတွေးတာတွေက ကလေးဆန်
လွန်းတယ်..ပညာရှိနည်းနဲ့နှိပ်စက်
တာမမြင်ဖူးသေးရင် ငါဘာလုပ်
မလဲစောင့်ကြည့်လေ...""သခင်က ဘယ်လိုတွေလုပ်အုံး
မှာလဲ...""ပြောပြရင် ရင်ခုန်စရာမကောင်းဘူး
သွား..ငါ့ကို ရေအေးအေးတစ်ခွက်
ယူခဲ့ပေး ဒီ အဝတ်အစားကြီးတွေ
ကပူလိုက်တာကြီးကို..."
"မမ တို့များဒါကြီးတွေဝတ်ပြီး
ဘယ်လိုတောင်နေနိုင်ကြတာလဲ...""သခင် မိန်းကလေးတွေရဲ့ဒုက္ခ
အကုန်ကိုမသိသေးပါဘူး...""မင်းတို့ဒုက္ခက ဘာတွေကျန်
သေးလို့တုန်း..."
