part-6

259 42 15
                                    

အမ်းးး ဒီလိုနဲ့နောက်ဆုံးတော့
ကျိုးအင်ပါယာ၏ဟာသာင်္ရောင်
လွှမ်းညနေချမ်း၏ကြိုးကြားငှက်တို့
ရင်ရိပ်လှုံကာအိပ်တန်းတက်ခါနီး
အချိန်မှာ စာသင်ဆောင်က
ပညာဆည်းပူးကြသောအနယ်နယ်
အရပ်ရပ်က အိမ်ရှေ့စံမင်းသား
တွေရဲ့ဂုဏ်သိက္ခာဖလားလုပွဲကြီး
ဟာစတင်ခဲ့လေတော့သည်။
ထိုပွဲကိုမှူးမတ်ညီလာတွေတင်မက
တိုင်းသူပြည်သားတွေပါတက်ရောက်
ခွင့်ရတာမို့ ဘောလုံးကွင်းခန်းမတော်
ကြီးမှာအားပေသံတညံညံနှင့်
ခြိမ့်ခြိမ့်သဲစည်ကားလျက်ရှိနေတော့
၏။ဤအစဉ်အလာမှာ ကျိုးအင်ပါယာ
က အနယ်နယ်အရပ်ရပ်မှပညာလာ
သင်ကြသော မင်းညီမင်းသား
တွေအတွက် စာချည်းသင်ရတာ
ငြီးငွေ့မည်ဆိုး၍စိတ်ပြေလက်ပျောက်
အားကစားရေး လက်ရုံးရည်ရေး
လေးတွေကိုပါအပျော်သဘောနဲ့
ကျင်းပပေးလေ့ရှိသည်။နှစ်တိုင်း
ဘောလုံးယှဉ်ပြိုင်ကာ နိုင်သည့်
အသင်းကို လိုရာဆုတောင်းခွင့်
ပေးပါ၏။ထို့ကြောင့်မင်းညီမင်းသား
တွေဟာဆုကိုလဲမှန်း အဓိကက
ကိုယ့်သိက္ခာကိုယ် ဆယ်ယူတဲ့
ပွဲမို့မီးကုန်ယမ်းကုန်ကြိုးစား
ယှဉ်ပြိုင်ကြလေသည်။
ထိုပွဲကို တော်ဝင်မိသားစုတွေကပါ
တက်ရောက်အားပေးတာကြောင့်
မိဖုရားကြီးနန်းဆောင်မှာအပျိုတော်
တွေဗျာများလို့နေသည်။
မိဖုရားကြီးပွဲတက်ရန်အတွက်ပြင်
ဆင်ပေးရ ဝတ်ရုံတော်တွေရွေး
ရနဲ့အလုပ်များလျက်ရှိသည်။
အခန်းဆောင်ထဲတွင်တော့ ကုရှန်း
ကဝမ်းခဲ့ရှင်ကိုခေါင်းတွေအမြန်ဖီးသင်
ဆံထိုးဆံထောက်တွေကို တွေ့ကရာ
အကုန်ကောက်ထိုးပေးနေပေမယ့်
သူမစိတ်တွေဟာ ပြိုင်ပွဲအတွက်
သာပျံ့လွင့်နေတာမို့မကြာလိုက်ပါ
ဝမ်းခဲ့ရှင်ရဲ့ခေါင်းမှာဆံထိုး
တွေက ကာလီမန် မယ်တော်
လက်တွေလို ထွက်လာပါပြီး
သစ်ဖြတ်စက်လွှကြီးခေါင်းပေါ်
ရွက်ထားသလိုထိတာနဲ့
ပြတ်ထွက်တော့မယ့်အတိုင်းထွက်
လာတာမို့ ကြေးမှုန်ကိုသာ
သဲကြီးမဲကြီးကြည့်၍ အိုင်းလိုင်နာကို
အရက်သမားလက်နဲ့ခဲရာခဲဆစ်
ဆွဲနေရှာသောဝမ်းခဲ့ရှင်ကမသိရှာပေ။
ခဏအကြာတော့ ကုရှန်းတစ်ယောက်
မနေနိုင်တော့ပါပေ။သူ့စိတ်တွေ
ကကျန်းချန်လင်ပါနေသော
သူ့ရဲ့ချောင်ဝေ့နင်အသင်းအတွက်
စိတ်ပူလာပါပြီးသူအာရုံမစုစည်း
နိုင်တော့ဘဲ ဝမ်းခဲ့ရှင်ကို နားပူ
ကပ်လေတော့သည်။

မောင့်ဧကရီ ဂျလေဘီWhere stories live. Discover now