"တောင်...တောင်...တောင်....."
"ဖောက်...ဖောက်...ဖောက်..."
"ပလုံ..!!!!!"
"အရာအားလုံးဟာနထ္ထိ...."
"မြတ်စွာဘုရားရဲ့ လမ်းစဉ်ဟာ
အလယ်အလတ် လမ်းစဉ်သဘော
ကိုသက်ရောက်ပါတယ်...."
"မြစ်ရေအလျဉ်ဟာလဲ ထာဝရ
စီးဆင်းနေသလို မတည်မြဲနိုင်တဲ့
သစ်ရွက်လေးတွေဟာလဲ သံသရာ
စက်ဝန်းအတွင်းမှာအဖန်ဖန်
ကြွေလိုက်ဖူးသစ်လိုက်နဲ့သံသရာ
လည်တယ်...အပူမီးတွေကိုအေးချမ်း
စေတာကတော့ဗုဒ္ဓရဲ့အရိပ်ကသာ
ပေးစွမ်းနိုင်ပါတယ်...."
"အော်မီသော်ဖော်...."ညိမ့်ညောင်းတဲ့ခေါင်းလောင်းသံနဲ့
သစ်ရွက်လေးတွေပေါ်ကနေကျ
ဆင်းလာတဲ့ရေစက်ကလေးတွေက
တစ်ဖောက်ဖောက်နဲ့ရေအိုင်ငယ်ဆီ
သို့ပလုံကနဲပလုံကနဲ နဲ့ ပူးပေါင်း
ကျတယ်။ဗုဒ္ဓရဲ့အရိပ်အာဝါသကတော့
အေးချမ်းတာပေါ့။အေးချမ်းလို့ပဲ
ဘုရားဖြစ်နေတာမဟုတ်ပါလား...*ဒါပေမယ့်...ငါဘာလို့...
ဘုန်းကြီးကျောင်းမှာ...
ငုတ်တုတ်ကြီးထိုင်ပြီး...
အိပ်ငိုက်နေရတာလဲ!!!!!!!*
*ဒါတွေအားလုံးက ဝါးခြမ်းပြား
ကောင်...ကျိုးကျစ်ရှုး!!!!!!!!!!!!!*
*ငါ့ကို ကုသိုလ်တစ်ပဲ
ငရဲတစ်ပိဿာရအောင် လုပ်တဲ့
ဝါးခြမ်းပြားကောင်ရဲ့!!!!!!!!!*"ကုကူး..ကုကူး..!!!!!"
"ဖလက် ဖလက် ဖလက်!!!!(ငှက်ပျံသံ)"*********************************
လွန်ခဲ့သောမိုးမလင်မီ အာရုဏ်ပင်
မတက်သေးခင်အချိန်က........မိဖုရားကြီးနန်းဆောင်ထဲတွင်တိတ်
ဆိတ်နေသေးသည်။တိတ်ဆိတ်မှာ
ပေါ့မိုးမှမလင်းသေးတာ...။
သလွန်တော်ပေါ်၌ဝမ်းခဲ့ရှင်ဟာ
လဲအိပ်စက်နေတုန်းပဲရှိသေးသလို
သလွန်တော်နဲ့ မနီးမဝေးကြမ်းပြင်
ပေါ်တွင်လဲကုရှန်းအိပ်စက်နေပါသည်။
ဝမ်းခဲ့ရှင်က ကျိုးကျစ်ရှုးနဲ့
အိပ်ဆောင်မဝင်သည့် ရက်များဆို
အခန်းထဲတွင် ဟန်ဆောင်မနေပါဘဲ
လွတ်လွတ်လပ်လပ် သာနေပါသော
ကြောင့်နီးနီးနားနား အပျိုတော်
ရွှေရံတော်တွေကို ခစားခွင့်မပြုထား
ချေ။၎င်းတို့အား အပြင်ဘက်ကသာ
ခစားစေပြီး ကုရှန်းကိုသာအနီးကပ်
အထိန်းတော်အနေနဲ့ထားတာ
ကြောင့်ဆရာတပည့်နှစ်ယောက်
အေးအေးဆေးဆေး အသက်ရှု
ချောင်ရတော့သည်။အစက ကုရှန်းမှာ
အပျိုတော်ဆောင်၌နေသော်လဲ
အရေးအကြောင်းရယ်ဆို
ပြင်ရဆင်ရလွယ်အောင် ဝမ်းခဲ့ရှင်က
သူနဲ့သာအတူနေစေလေသည်။
သူတို့ သားအဖမှာ အရင်ထဲက
လောကအနှံ့ခြေပတ်နေခဲ့တာမို့
ကြုံရင်ကြုံသလိုဖြစ်သလိုနေရ
သည်များကို အသားကျနေပြီဖြစ်သည်။
အထူးသဖြင့် ဝမ်းခဲ့ရှင်က သူ့သမီး
ကုရှန်းကိုစိတ်မချသည်ကခပ်များများ
လဲပါတာပေါ့။ဒီကောင်မလေး
အခုရက်ပိုင်းခိုင်းလိုက်ရင်လဲ
ဇောက်ထိဇောက်ထိုးတွေလုပ်လုပ်
လာတာကိုသူကြည့်မရနေခြင်းဖြစ်
သည်။ဒီလောက်တိတိကျကျလုပ်
တတ်အောင်သူထိန်းကျောင်းပေးခဲ့
တာကိုတောင်မှပေါ့။
