ယနေ့ကျိုးအင်ပါယာကြီးတွင်ကြီး
ကျယ်ခမ်းနားသော တော်ဝင်လက်
ဆက်ပွဲရှိ၍တစ်တိုင်းပြည်လုံး
အားဧကရာဇက်တက်ရောက်ခွင့်ပေး
ထားသည်။ထို့သို့ဇာတ်အနိမ့်အမြင့်
မခွဲခြားဘဲအားလုံးတက်ရောက်ခွင့်
ပြုတာကြောင့်ဆင်းရဲသော
ပြည်သူများမှာပျော်ရွှင်ရပြီး ၄င်းတို့
နှစ်သစ်ကူးရင်ဝတ်ရန် မဝတ်ရက်
သည့်အထည်အသစ်များကိုဝတ်ဆင်
ကာတော်ဝင်မင်္ဂလာပွဲကြီးသို့
တက်ရောက်ရန်နန်းရင်ပြင်၌
ကြိတ်ကြိတ်တိုးနေကြသည်။
ကျိုးနန်းမြို့ရိုးကြီးသို့တစ်ထီးတစ်နား
မြိုင်ဆိုင်ထည်ဝါစွာ ဝင်လာသော
သတို့သမီး၏ဝေါယာဉ် ကို
တစ်ခမ်းတစ်နားဝမ်းမြောက်စွာ
ကြိုဆိုနေကြပါသောကျိုးပြည်သူ
များကလဲအလုအယှက် သတို့သမီး
လောင်းလေး၏မျက်နှာလေးများ
တစွန်းတစ မြင်ရရောလာဖြင့်
တိုးဝှေ့ခိုးကြည့်နေကြသည်။"ဝေ့ ငါကြားတာတော့ ဝမ်းနိုင်ငံရဲ့
မင်းသမီးက တစ်ဦးတည်းသော
တော်ဝင်မင်းသမီးတဲ့"
"လှချက်ကလဲ နတ်သမီးတွေ
ငိုရလောက်တဲ့အထိပဲတဲ့""ဟုတ်တယ် မင်းသမီးကအတော်
လှတယ်ပြောတယ် ပြီးတော့
အရည်အချင်းလဲရှိတယ်တဲ့"
"နောက်ပြီးဝမ်းနိုင်ငံကအမျိုးသမီး
တွေကသိုင်းပညာလဲထက်မြတ်
ကြတယ်ပြောတယ်"
"ဒို့ဧကရာဇ် ကဒီတစ်ခါကံကောင်း
တာပဲ""ဟုတ်ပါ့နေနဲ့လရွှေနဲ့မြလို
လိုက်ဖက်လှချည်ရဲ့.."
"တော်ဝင်နန်းသွေးလေးကိုလဲ
ဝမ်းမင်းသမီးက လွယ်ပေးနိုင်မှာ
သေချာတယ်""ဟားဟားးဟား ဟုတ်တာပေါ့"
"ငါတို့ရဲ့အနာဂတ်မင်းလောင်းလေး
ကိုလဲ ဝမ်းမင်းသမီးက လွယ်ပေး
မှာပေါ့.."လမ်းပေါ်မှပြည်သူတွေရဲ့
တစ်ယောက်တစ်ပေါက်ပြောဆို
သံတွေကို ကုရှန်းက လိုက်ကာစ
လေးအသာပြန်ပိတ်ရင်း ဆူပုတ်ပုတ်
နဲ့ပြန်ပြောလိုက်လေသည်။"ဟမ့်..သူတို့ကလိပ်မျိုးတွေပဲ"
"ငါတို့ဝမ်းနိုင်ငံကိုချီးကျူးတာက
နဲနဲ မင်းသမီးကိုခိုင်းစားမှာကများများ"
"တော်သေးတယ် မင်းသမီးမမ
ကသတို့သမီးမဟုတ်ခဲ့လို့"
"မဟုတ်ရင် ဒီလိုရေခြားမြေခြား
သူများအရပ်ဆီမှာဘယ်လောက်
တောင်အနိုင်ကျင့်ခံလိုက်ရမလဲ.."
"သခင်..ကျွန်မပြောတာကြားရဲ့လား"
