part-5

284 46 92
                                    

နောက်နေ့တစ်ခုရဲ့မနက်ခင်း
ပိုင်းတွင်ဝမ်းခဲ့ရှင်သည်
သူ၏လေသာဆောင်၌ပန်းချီတစ်ခု
ကိုရေးဆွဲလို့နေသည်။သူတကယ်
တော့ အတော်လေးအားယား
နေ၍အပျင်းပြေရေးခြစ်နေခြင်းလဲဖြစ်
သည်။သူတို့ဝမ်းနိုင်ငံကလူတွေက
အနုသုခုမ ပညာနဲ့ မိုးနဲ့မြေလို
ဝေးကွာလွန်းလှ၍ သူ ထိုပညာရပ်
ပိုင်းမှာ အားနည်းချက်လိုဖြစ်သွား
မှာဆိုးရိမ်သည်။ဟိုဘွားတော်
ကြီးက သူ့ကိုအားအားရှိနှိပ်ကွပ်
နေတော့မှာဖြစ်လို့သူ့မှာ
အားနည်းချက်ရယ်လို့ ရှိနေလို့
မဖြစ်။အခုရက်ပိုင်းဝမ်းခဲ့ရှင်မှာ
အပ်ထိုး အပ်ချုပ် ပန်းပြင်
နံ့သာဖော်နည်း လက်ဝတ်ရတနာ
သီ နည်းတွေကို ပင်ပန်းဆင်းရဲ
ကြီးစွာ အောင့်အီး၍သင်ယူနေရသည်။
သူမလုပ်လို့လဲမဖြစ် ဘွားတော်
ကြီးနဲ့ကျန်မိဖုရားတွေလာယှဉ်ရင်
စပါးခင်းထဲရောက်မှတော့
တံဇင်ကိုင်နည်းမသိလျှင်
အရှက်ကွဲမည်ဆိုးရိမ်၍သူသင်ယူ
နေရခြင်းဖြစ်သည်။အပ်တွေလက်
ကိုထိုးမိတာလဲခဏခဏ။
နံ့သာပြင်းအနံ့တွေမုန်းလွန်း
လို့တစ်ခါတစ်လေအန်ထွက်ခံ
ပြီး ကျင့်ရသေးသည်။

ပန်းချီပညာရပ်နဲ့တူရိယာအချို့
တီးခတ်နည်းတို့က သူလောကပတ်
ပြီးဆောင်ကြာမြိုင်တွေလှည့်ခဲ့တာ
အကျိုးလွန်စွာမှရှိလှသည်။
ဆောင်ကြာမြိုင်တို့ရဲ့ ဘုရင်ဝမ်းခဲ့ရှင်
ရဲ့အလာ ကို မျှော်နေကြသော
အတိုင်းတိုင်းအပြည်ပြည်က မမတွေ
က ဝမ်းခဲ့ရှင်ပြန်ခါနီးတိုင်းသူတို့
ရဲ့ခန္ဓာကိုယ်ကောက်ကြောင်းများ
ကိုတတ်နိုင်သမျှဖော်၍ ပန်းချီလက်
ဆောင်တောင်းလေ့ရှိတာမို့
ဝမ်းခဲ့ရှင်က အဖော်အချွတ်ဆွဲ
ပညာရပ်လေးတွင်မဆိုစလောက်
တော့တတ်ပါ၏။တူရိယာအချို့မှာလဲ
မမတွေရဲ့ဖျော်ဖြေမှုလက်ကွက်တွေ
ကိုအလွတ်ရနေပါပြီး သူမမြင်ဖူး
မကြားဖူးသောသံစဉ်တူရိယာမျိုးက
မမြင်ဖူးတာ သိပ်မရှိ။သူဆွဲလေ့
ကျင့်နေသည်မှာနှစ်နာရီနီးပါး
လောက်ရှိနေပြီဖြစ်သည်။
ဝမ်းခဲ့ရှင်ကဆေးစက်
ကောက်ကြောင်းတွေကို
မျက်မှောင်ကုပ်၍သေချာအာရုံ
စိုက်ဆွဲနေသလောက် ရှေ့က
မော်ဒယ်ထိုင်ပေးနေပါသော
ကုရှန်းမှာ အဝေးကိုတွေတွေကြီး
ငေးပြီးပြုံးလိုက် ရီလိုက် နဲ့
ဝမ်းခဲ့ရှင်အာရုံပျက်သွားမှာဆိုး၍
သူ့မှာ ပေါင်ဆွဲလိမ်ကာ မျက်နှာကို
တည်ရသေးသည်။သူ၏အတွေး
ထဲဝယ်တော့ မနေ့က ရေမွန်းပြီး
ကြွက်စုတ်လေးလိုဖြစ်နေတဲ့
ချောင်အိမ်ရှေ့စံလေးကနေရာ
ယူနေတယ်။

မောင့်ဧကရီ ဂျလေဘီWhere stories live. Discover now