မနက်ခင်းရဲ့မိုးသောက်ရောင်ခြည်
လေးဟာကျိုးနိုင်ငံရဲ့အအေးထု
ကိုဖောက်ခွင်း၍မြူနှင်းရိပ်တို့မှ
တစ်ဆင့် အိပ်ခန်းလေသာပြတင်း
သို့ ဆောင်းဦးလေအေးအေးလေး
နဲ့အတူတိုးဝှေ့လာခဲ့သည်။
အနီရောင် သားမွှးစများနှင့်
ရတနာကိုးမျိုးစီခြယ်ထားသော
အနီရောင်လိုက်ကာစများကို
ဖောက်ထွင်းလာသောနေရောင်
ကြောင့် ဝမ်းခဲ့ရှင်တစ်ယောက်နိုး
လာခဲ့သည်။သူသည် ကုတင်၏
အတွင်းဘက်တွင် ကျိုးကျစ်ရှုး
အားကျောပေးအနေအထားနှင့်
အိပ်ပျော်သွားခဲ့တာမနက်ခင်း
အထိပင်။ထို့ကြောင့်သူ၏ညာဘက်
လက်မှာထုံကျင်ကိုက်ခဲကာ
အံသေနေပြီမို့သူညည်းတွားမိပြီး
တစ်ဖက်သို့လှည့်ကြည့်မိတော့
ဟာလာဟင်းလင်း ကျိုးကျစ်ရှုးက
မရှိတော့ပေ။ဘယ်အချိန်ထဲက
ထသွားမှန်းမသိအိပ်ယာအလယ်တွင်
ချထားသောစည်းကိုကျိုးကျစ်ရှုး
ဟာတစ်ညလုံးတစ်လက်မတောင်
မကျော်ခဲ့တာမို့ ဝမ်းခဲ့ရှင်ညက
အသည်းခိုက်သွားရပြီးတော်တော်
နဲ့အိပ်မရခဲ့။သူမကျော်ရင်မိမိကျော်
မည်ဟုတေးထားတာ ထိုဝါးခြမ်းပြား
ကောင်က တောင့်တင်းစွာ
အလောင်းကောင်ကြီးပမာ အိပ်စက်
သွားတာမို့ဝမ်းခဲ့ရှင်လက်လျှော့
လိုက်ရသည်။တစ်ညလုံးသတိကပ်
လျက်မိုးလင်းခါနီးလောက်မှ
အိပ်ပျော်သွားတာကြောင့်
ဝမ်းခဲ့ရှင်၏ခေါင်းတစ်ခြမ်းမှာ
တူနဲ့ထုထားသလိုတဒိန်းဒိန်း
ထိုးကိုက်လာတော့သည်။သူဆက်မအိပ်နေပါတော့ဘဲ
နာကျင်နေသောလက်ကိုအဆစ်
ပြန်တည့်လိုက်ပြီး တစ်ခြမ်းထဲ
ကိုက်ခဲနေသောဦးခေါင်းကို
လက်ချောင်းများဖြင့်နှိပ်နယ်
၍ထထိုင်လိုက်သည်။
ထိုစဉ် ကုတင်ဘေးနားလေသာ
ပြတင်းပေါက်မှ ကုရှန်းသည်
ပေါ့ပါးစွာခုန်ပျံကျော်ဝင်လာပြီး
ကျိုးနိုင်ငံ၏အပျိုတော်ဝတ်စုံ
ကိုဝတ်လာကာ ပါးစပ်နဲ့ရင်ခွင်
ထဲ၌မုန့်ပဲသရေစာတွေအပြည့် သယ်ပိုးလာကာဝင်လာလေသည်။
သူမကအခန်းထဲခြေချပြီးတာနဲ့
အားနေတဲ့ကျန်လက်တစ်ဖက်ဖြင့်
ပြတင်းပေါက်ကိုဆွဲပိတ်လိုက်ပြီး
ဝမ်းခဲ့ရှင်ဘေးသို့အတင်းတိုးဝင်
ထိုင်တာကြောင့်ဝမ်းခဲ့ရှင်မှာ
ကုတင်ဟိုဘက်သို့အနည်းငယ်ရွှေ့
ပေးလိုက်ရသည်။ထို့နောက်ကုရှန်း
ကပြုံးရွှင်စွာ သူမရင်ခွင်ထဲက
ပစ္စည်းတွေကို ကုတင်ရှေ့ကစားပွဲ
ပေါ်သို့ကောက်တင်၍ကရားရေလွှတ်
ပွားလေတော့သည်။
