သူမနိုးလာတော့ အဖြူရောင် ဟင်းလင်းပြင်ကြီးထဲရောက်နေ တယ်သူမဘယ်လောက်အော် ခေါ်ခေါ် ဘယ်သူမှ ပြန်မထူးဘူး
တစ်နေရာမှာ အလင်းရောင်လေး တွေ့လိုက်တော့ သူမ ကိုယ်တိုင်တောင်မသိ အဲ့နေရာကို အလိုလို လမ်းလျှောက်သွား မိခဲ့တယ်
ပိုပိုနီးလာလေ အလင်းရောင်လေး ကနေ တစ်စုံတစ်ယောက် ကိုမြင်လာရတယ်
တွေ့လိုက်တော့ အင်္ကျီဝတ်ထားတဲ့ အစိမ်းရောင် အရာကြီးက HD ကြည့်နေသတဲ့
လက်ထဲမှာလဲ ပေါက်ပေါက်ဘူး ကိုဖက်ထားသေး
တခဏတော့ကြောင်သွားတယ် " ဘာလဲဟ " ဆိုပြီးရေရွက်မိသွားတယ်
အဲ့အစိမ်းရောင်အရာကြီးက ရီမုတ်နဲ့ ကြည့်နေတာကို ပိတ်ပြီး သူမဘက်လှည့်လာတယ်
သူမ မနေနိုင်တော့လို့ ရီလိုက်တယ်
" ဖားက အင်္ကျီဝတ်တယ်တဲ့လား "ဖားလေးက သူမကို တခဏတော့ ကြောင်ကြည့်နေတယ်
ပြီးမှ သဘောပေါက်သွားပုံ ရကာ
" ရီရီ သေတော့မသေစေနဲ့ အော် ဆောတီး သေပြီးသွားပြီပဲ "( ဖားလေးပုံက အပေါ်ဆုံးမှာနော် )သူမ လန့်သွားတာ တစ်ပေလောက် နောက်ပြန်ခုန်မိသွားတယ် ပြီးမှ
" ဘာလားဟ ဖားက စကားပြောတတ်တယ် "အဲ့ချိန်ဖားလေး က " မင်္ဂလာပါ ကြိုဆိုပါတယ်
" system "ကနေပေါ့ "" ငါ တချို့တလေတော့ ဖတ်ဘူးပါတယ်ဟယ် နင့်ဟာကြီးက system nameလေးဘာလေး ပြောဦးလေ "
ဖားလေးက " ကွိုင် ပြီ ဘယ်လိုရှင်းပြ ရမှာလဲ "
" ရှင်းတတ်သလို ရှင်းလေဟာ "
" ဖား လော့ကတ်လေး ကောက်ရမိတာ မှတ်မိလား"
( သာသာလေ ကောက်ရတဲ့အချိန်ရယ် host ညီမ သေတဲ့အချိန်ရယ် ကို ဖြတ်ထားပါတယ်နော်
Hostညီမသေတဲ့ အချိန်ကိုတော့ နောက်ပိုင်း ထည့်ပေးဖြစ်ရင် ထည့်ပေးပါ့မယ် )" အေးမှတ်မိတာပေါ့ မိုးရွာနေတုန်းကြီးလေ "
" အဲ့တာ ကျွန်တော်ပဲ "ဆိုပြီး မော်ကြွားကြွားနဲ့ပြောလိုက်တယ်
" လော့ကတ် က ပုံကတောင် နည်းနည်း ကြည့်ကောင်းဦးမယ် ဟယ် "
ဖားလေး မျက်နှာ မဲ့သွားတယ်
YOU ARE READING
Host of the best Assassin ( Z & U )
Romanceဘာမှမပြောတော့ပါဘူး ဖတ်ကြည့်တော့ Normal BL GL အစုံပါသည် ဘာမှမပြောတော့ပါဘူး ဖတ်ကြည့်တော့ Normal BL GL အစုံပါသည်