လာပါပြီဆင့် 😎
နောက်ပိုင်းတွေက ပိုကြာပါမယ်နော် စာမေးပွဲနီးပြီဆိုတော့ စာတွေ ကုန်းလုပ်ရတော့မယ် 🤧
________________________________ဟိန်းရာဇာက ကုမ္ပဏီသွားပြီဆိုတော့ ကောင်းကင်ပြာကလဲ ကုတင်ဘေးနားက ဖုန်းကိုကောက်ယူပြီး အောက်ထပ်ကို ဆင်းလာကာ အိမ်ဖော်အဒေါ်ကြီး လုပ်ပေးတဲ့
ထင်းရှူးဆန်ပြုတ်ကို သောက်ပြီး တီဗီ ထိုင်ကြည့်နေလိုက်တယ်ကောင်းကင်ပြာ တီဗီ ကြည့်နေတုန်းမှာပဲ ဘေးနားကသူ့ဖုန်းထဲကို 'တောင်တောင်' ဆိုပြီး message တွေ ဆက်တိုက်ဝင်လာတော့ ကောင်းကင်ပြာ
ဖုန်းကိုဖွင့်ကြည့်လိုက်တယ်တဖက်သူက video တွေ တန်းစီပြီး ပို့ထားတဲ့ထဲက video တစ်ခုကိုဖွင့်ကြည့်လိုက်တော့ ပေါ်လာတဲ့
စာတန်းခေါင်းစဉ်ကို ကြည့်ပြီး ကောင်းကင်ပြာ ထိုင်ရီနေလိုက်တယ်ရီရလွန်းလို့ မျက်ရည်တောင် ကျရတဲ့အဖြစ်ထိ ရောက်သွားတယ် ပြီးတော့မှ တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်သွားပြီး video တွေပို့ထားတဲ့ သူဆီစာပို့လိုက်တယ်
< မင်းဘယ်သူလဲ>
< နောက်ကျရင် သိလာမှာပါ >
< ok လေ >
[ dark သူဘယ်သူလဲ ?]
[ google ခေါက် ]
[ နင်သိတာ ဘာရှိသေးလဲ 😑 ]
[ ဟွန့် ]
{ system dark is offline }
" ဟ ထစ်ခနဲရှိ လိုင်းဆင်းမယ်ဆိုတာကြီးပဲ "
ကောင်းကင်ပြာကတော့ သူ့ကို video တွေပို့တဲ့သူက သူ့ကိုဒုက္ခ မပေးလောက်ဘူးလို့ သူ့စိတ်က ထင်နေတော့ ဒီကိစ္စကို ထပ်မတွေးပဲ နေလိုက်တော့တယ်
____________________
_____________နေ့လည်လောက်ရောက်တော့ ဟိန်းရာဇာက အိမ်ပြန်ရောက်လာပြီး
" ကလေး သွားရအောင်လေ "
" ဟင် ဘယ်ကိုလဲ "
" ဆေးရုံကို ပြန်သွားရဦးမယ်လေ "
" အာ ဟုတ် "
ဆေးရုံမှာ ကောင်းကင်ပြာကို ခန္ဓာကို တစ်ခုလုံး နေရာလွတ်မကျန် စစ်ဆေးပြီးတော့ အခန်းထဲမှာ နှစ်ယောက်သားထိုင်စောင့်နေကြတယ်
ထိုင်စောင့်နေတယ်ဆိုတာထက်တော့ ကောင်းကင်ပြာက Oggy ဆိုတဲ့ ကာတွန်းကားကို ကြည့်နေတာပါပဲ
YOU ARE READING
Host of the best Assassin ( Z & U )
Romanceဘာမှမပြောတော့ပါဘူး ဖတ်ကြည့်တော့ Normal BL GL အစုံပါသည် ဘာမှမပြောတော့ပါဘူး ဖတ်ကြည့်တော့ Normal BL GL အစုံပါသည်