Arc. 2.6

356 42 11
                                    


[ host ရေ အခန်းထဲမှာ အဲယားကွန်းများဖွင့်ထားတာလားဟင် ]

[ ဟင် မဖွင့်ထားဘူးလို့ထင်တာပဲ Ewhhh .နင်ပြောတာဟုတ်သား အခုငါတောင် အေးစိမ့်စိမ့် ဖြစ်လာပြီ ]

[ ဝေ့ host လင်ရဲ့ မျက်နှာတစ်ချက်ရှိုးဦး ]

[ ............. ]

ရှောင်တန်းပြောစကားအတိုင်းအနောက်ကို
လှည့်ကြည့်လိုက်တော့ တစ်စုံတစ်ယောက်သောသူရဲ့ မျက်နှာက

ရေခဲတမျှ အေးခဲပြီးခက်ထန်နေတယ်၊ ကောင်းကင်ပြာလှည့်ကြည့်လိုက်တော့

ဟိန်းရာဇာဆီကနေအသံ ထွက်လာတယ်

" အားလုံးထွက်သွားလို့ရပြီ "

အခန်းတွင်းမှ လူတိုင်းက " yes boss !" လို့ပြောကာ တစ်ယောက်ချင်းစီ အပြင်ကိုထွက်သွားကြတယ်

အားလုံးက ထွက်သွားကြတော့ ကောင်းကင်ပြာက ထွက်ဖို့ ပြင်တာပေါ့

ကောင်းကင်ပြာ လှည့်ထွက်သွားခံနီး အနောက်ကနေ ဟိန်းရာဇာက ခါးကနေ လှမ်းဖက်လိုက်တော့

ကောင်းကင်ပြာမှာ ဟိန်းရာဇာ ပေါင်ပေါ် ထိုင်ရက်သားလေး ဖြစ်သွားတယ်

ဟိန်းရာဇာက ကောင်းကင်ပြာနား နားကပ်ပြီး အသံလေးက ပျားရည်လောင်းချထားသလားမှတ်ရအောင်ကို ချိုမြစွာ

" မင်းမပါဘူးလေ ~ "

" အာ ........ဟုတ် "

ကောင်းကင်ပြာပြန်ဖြေလိုက်ပြီးတော့မှ ရေခဲတမျှခက်ထန် နေတဲ့ မျက်နှာက အနည်းငယ် ပြေလျော့လာတယ်

မကြာပါဘူး ကောင်းကင်ပြာ ထပ်ပြောလိုက်တဲ့ စကားကြောင့်

စိတ်အလိုမကျဖြစ်သွား ရပြန်တယ် အဲ့စကားကတော့

" ဒါနဲ့လေ ဦးလေးကြီးက sky ကို ဘာလို့တွေ့ချင်ရတာလဲဟင် "

ဟိန်းရာဇာရဲ့ အလိုမကျတဲ့ မျက်နှာကို ကောင်းကင်ပြာက မြင်တော့

[ ရှောင်တန်းရေ ငါ ဘာအမှားများ လုပ်မိလိုက်သေးလဲ ]

[ အင်း...... ကျွန်တော်ဖတ်ခဲ့သမျှ rs သီအိုရီတွေ အရတော့ သူစိတ်ကောက်နေတာ ဖြစ်မယ် ]

[ အေးဘာ အကြောင်းကြောင့် လဲ လို့ ]

[ host သူ့ကို မလွမ်းလို့ထင်တယ် ]

Host of the best Assassin ( Z & U )Where stories live. Discover now