Arc.2.15

160 12 2
                                    

ခဏတာ ပြန်ပေါ်လာတာပေါ့နော် 😅😅
နောက်ထပ်ပျောက်ဦးမှာပါလို့ 😛
စာမေးပွဲက ရက်အတိအကျ ထွက်လာပါပြီ 3 လပိုင်း 17 , 18 , 19 မို့ readers လေးတွေ အခုတလော ပျင်းနေကြမှာဆိုးလို့ မအားတဲ့ကြားက ရေးပြီး တင်ပေးလိုက်ပါတယ်နော် 🥰
__________________________

မိုးဖွဲဖွဲလေး ရွာထားတာ နေရောင်ပြန်စထွက် ချိန်မို့ ကောင်းကင်ကြီးက တိမ်များကင်းစင်နေကာ အပြာရောင်သန်းနေတော့တယ်

ရွှေမေတ္တာက ကားမောင်းနေရင်းနဲ့ ကုမ္ပဏီက ဖုန်းလာလို့ ဖုန်းပြောနေတယ်

" hello? "

" ပြော "

" ဟို.... မမလေး ကုမ္ပဏီမှာ ပြသာနာတက်နေတယ်ဗျ "

" ဘာဖြစ်တာလဲ "

" လက်ရှိ ကျွန်တော်တို့ခန့်ထားတဲ့ ဥက္ကဌ ကအခြားသူက အနောက်ကနေ ထိန်းချုပ် နေတာကို မလိုလားပါဘူးဆိုပြီး ရှယ်ယာရှင် အစည်းအဝေး ခေါ်ထားပါတယ် "

" ထားလိုက်ပါ ငါ့ရဲ့ကြွက်ကလေးကို ခဏလောက်တော့ ပေးပျော်လိုက်"

" မမလေး အမိန့်အတိုင်းပါ "

ဖုန်းချပြီးသွားတာနဲ့
'ဂျီး........လ်...... ဝုန်း......! "

ရွှေမေတ္တာ စတီယာတိုင်နဲ့ ခေါင်းနဲ့ ဆောင့်မိသွားပြီး လူတစ်ယောက်ကို တိုက်မိသွားတယ်

ရွှေမေတ္တာက ကားထဲကနေ ပျာသလဲလဲ ထွက်လာပြီး ကားနဲ့တိုက်မိသွားတဲ့သူကို ကြည့်လိုက်တော့ ချစ်ဝတ်မှုန် ဖြစ်နေတယ်

ကားနဲ့တိုက်မိခဲ့တဲ့သူက သူမမြင်မြင် ချင်းကိုကြွေသွားခဲ့မိတဲ့ သူ ဖြစ်နေတော့ ပိုပြီးတော့စိုးရိမ်သွားကာ

ချစ်ဝတ်မှုန် ကိုပွေ့ချီလိုက်ပြီး ကားနောက်ခုံမှာ မထိခိုက်အောင်ထိုင်နေလျက် ပုံစံမျိုးနဲ့ ထားထားလိုက်ကာ

ကားကို နောက်ပြန်လှည့်ပြီး အနီးဆုံးဆေးရုံကို မိုင်ကုန်တင်ပြီး မောင်းပါလေရော

အချို့မီးနီတွေဆို ဖြတ်မောင်းလာကာ တိုးဂိတ်က မောင်းတံတောင် တိုက်ပြီး ထွက်လာလို့ မောင်းတံကျိုးသွားခဲ့ရတယ်

ဆေးရုံပေါက်ဝရှေ့ရောက်တော့ ချစ်ဝတ်မှုန်ကို ကုန်းပိုးကာ ဆေးရုံအတွင်းဝင်
လာတော့ ကုန်းပိုးထားတဲ့သူက ခေသူမဟုတ်ဘူးလေ

Host of the best Assassin ( Z & U )Tempat cerita menjadi hidup. Temukan sekarang