Arc . 2.5

340 44 4
                                    

မျှော်နေကြတဲ့ သူလေးတွေ ရှိကြလား 👀👀
Gu ကိုရော လွမ်းနေကြလား

_______________________________

ကားအနက်ရောင် သုံးစီးထဲက လူတွေ ထွက်လာတယ် အမဲရောင် ဝတ်စုံပြည့်တွေနဲ့ပေါ့

[ အသုဘများ သွားကြမလို့လား
မသိဘူး အမဲရောင် တွေချည်းပဲ 🤔 ]

" နင်တို့က ဘယ်သူတွေလဲ "

[ လခွမ်းထဲမှ ဒီ host နဲ့တော့ hostလင်ရဲ့ လူတွေ လို့ !! ]

[ ငါသိတယ်ဟ ဒီအတိုင်းမေးကြည့်တာ နင်လျှာမရှည်နဲ့ ]

[ 🤐🤐🤐 ]

ထိုအမဲရောင် ဝတ်စုံ ပြည့်နဲ့ လူတွေက

" သခင်လေးကို လာခေါ်တာပါ "

" ငါ့ဆီလာမှတော့ ငါ့ကိုလာခေါ်မှန်း သိတာပေါ့ ၊ ဘာလို့လာခေါ်တာလဲ အကြောင်းအရင်းကို သိချင်တာ "

အမဲရောင် ဝတ်စုံပြည့်နဲ့ သူတွေက သူ့ကြည့်ငါ့ကြည့်နဲ့ ယောင်လည်လည်တွေ ဖြစ်ကုန်ကြတယ် ခဏ ကြာတော့မှ

" boss နဲ့တွေ့မှ မေးကြည့်ပါ သခင်လေး "

" ok "

ကောင်းကင်ပြာက အနက်ရောင် ဗန်ကားသုံးစီးထဲက တစ်စီးဆီ ကို လမ်းလျှောက်သွားလိုက်ပြီး

အနောက်ကို လှည့်ကာ အော်လိုက်တယ်

" ဘာကြည့်နေကြတာလဲ သွားမယ်ဆို လာကြလေ "

" အာ ဟုတ်ကဲ့ပါ သခင်လေး " ဆိုပြီး အားလုံးက ပြိုင်တူပြောလိုက်တယ်

တစ်နေရာ အရောက်မှာ ကားက ရပ်သွားတော့ ကောင်းကင်ပြာ

" ဘာဖြစ်သွားတာလဲ ရောက်ပြီလား မြန်လိုက်တာ "

" သခင်လေး ကားထဲမှာပဲနေပါ "

" အေး ဘာဖြစ်လို့လဲလို့ စောင်တလွဲအမေးနဲ့ အဖြေ "

" ကျွန်တော်ထင်တာတော့ boss ရဲ့ ပြိုင်ဘက်က သခင်လေးကို ဖမ်းပြီး boss ကိုခြိမ်းခြောက် မလို့ ထင်ပါတယ် "

" ငင့် ဘာမဆိုင်ညာမဆိုင်
အဖမ်းခံစရာလား "

" ကျွန်တော်တို့ အသက်နဲ့ ရင်းပြီး သခင်လေးကို ကာကွယ်ပေးပါ့မယ် "

" အေးပါ "

ကောင်းကင်ပြာနဲ့ စကားပြောပြီးတော့ အဲ့လူလဲ အပြင်ကို ထွက်သွားတယ်

Host of the best Assassin ( Z & U )Where stories live. Discover now