Arc. 0.8

520 46 0
                                    


တံခါးပွင့်ပြီး ဝင်လဲဝင်လာရော ဝှီး.....ဆိုတဲ့အသံနဲ့ အတူ မှင်သွေးကျောက်ခံ
က ပျံဝဲလာကာ

စုန့်ရှင်းရန် မျက်နှာနားလဲရောက်ရော သူကလှမ်းဖမ်းလိုက်တယ်

ပြီးတော့ မင်းကြီးက " ဟဲ့ကောင် မင်း ရှန်းကျိုကို ဘာလို့တစ်ယောက်တည်း လာခိုင်းတာလဲကွ  သူမလို မိန်းမပျိုလေးတစ်ယောက်က နန်းတွင်းလို နေရာအကျယ်ကြီးထဲမှာ လမ်းပျောက်သွားနိုင်တယ် "

( မင်းကြီးက ဇာတ်လိုက်ရဲ့အမေရဲ့မောင် ၊ ဇာတ်လိုက်ရဲ့ဦးရီးတော် ဆိုပေမဲ့ မင်းကြီး နဲ့ဇာတ်လိုက်က   ညီအကိုလိုပေါင်းကြတာပါ
ဒါနဲ့ မင်းကြီးက readers လေးတွေ ထင်သလို သက်ကျားအိုကြီး ဟုတ်ဘူးနော် )

ဟုတ်သား ငါသူမကို တစ်ယောက်တည်း လွှတ်လိုက်မိတာ အကယ်လိုူ့သူမလမ်းပျောက်သွားရင် ဘယ်လိုလုပ်မလဲ

စုန့်ရှင်းရန် တစ်ယောက်အတွေးထဲ  နစ်မြောနေရင်းကနေ

" ကျွန်တော်မျိုး သူမလမ်းမှားသွားလို့တောင်သေချာ လမ်းပြလိုက်ပါတယ် "

မင်းကြီးက ဘောက်ဆက်ဆက်နဲ့ 
" မင်းနဲ့ သူမနဲ့ ဘာတော်လဲ "

" သူမက ကျွန်တော်မျိုးရဲ့ ဇနီးမယားပါ "

" အဲ့တာကို နှစ်ယောက်တူတူလာတော့ သေသွားမှာမို့လားဟ "
( မင်းကြီးက စိတ်ကြီးပဲ )

" ကျွန်တော်မျိုးမှားပါတယ် မင်းကြီး "

မင်းကြီး ထပ်ပြောမလို့ပဲရှိသေး ဘေးနားက မိဖုရားကြီးက မင်းကြီးလက်ကိုကိုင်ပြီး  ခေါင်းခါပြတယ်  

ဆိုလိုတဲ့သဘောက  ထပ်မပြောနဲ့တော့ပေါ့

" အဟမ်း  ......ကိုယ့်အမှားကိုယ်သိ ၊ နောက်ဆို နှစ်ယောက် တူတူလာကြ  နားလည်လား "

နှစ်ယောက်လုံးက တူတူ   "ဟုတ်ကဲ့နားလည်ပါတယ် "

" နောက်နှစ်ရက်နေရင်  ငါကိုယ်တော် မိဖုရားခေါင်ကြီးရဲ့ မွေးနေ့ပွဲတော် ကျင်းပမှာ
အမတော်ကို အားရင် လာခဲ့ပါလို့ ပြောလိုက်
ဦးနော် "

" ဟုတ်ကဲ့ပါ ဦးရီးတော် "

" အေးအေး မင်းတို့လဲလုပ်စရာရှိမှာပဲ သွားကြတော့ "

Host of the best Assassin ( Z & U )Hikayelerin yaşadığı yer. Şimdi keşfedin