Arc . 0.10

504 57 2
                                    


စုန့်ရှင်းရန် စိတ်ထဲမှာတော့ သူမလေး သူ့ကိုကြောက်သွားမလား ဆိုတဲ့ စိုးရိမ်မှုတွေ သာစိုးမိုးနေတယ်

အဆိပ်ကြောင့် မဟုတ်ရင်တောင် မိန်းကလေး တစ်ယောက် ထိတာကို ကိုယ်မကြိုက်တာ

သူများလာထိတာမကြိုက်သလို ကိုယ်က လည်း မိန်းကလေးတွေနဲ့အဲ့လောက် အရောတဝင်မနေဘူး  ကိုယ့်မယ်တော်နဲ့တောင်မှပေါ့

ပထမတော့ မင်းကို စိတ်ဝင်စားခဲ့မိပေမဲ့ 
ကိုယ်မသိလိုက်တဲ့ အချိန်လေးမှာပဲ မင်းကိုကိုယ် ချစ်မိခဲ့မိတယ် ။

ကိုယ်မင်းကို ချစ်နေမှန်းတောင်မသိဘဲ  ဟို အရူးကောင်လာပြောမှ သိခဲ့ရတဲ့ ကိုယ်က တုံးလွန်းသွားပြီလား ကွာ

အရင်တုန်းက မင်းကိုယ့်ကို ချစ်ခဲ့တုန်းက ကိုယ်မသိခဲ့မိဘူး  ၊  ခုထိကော ကိုယ့်ကို ချစ်နေပါဦးမလား

ကိုယ်ကြောက်မိတယ် အရင်တုန်းက မင်းကို ဂရုမစိုက် မိခဲ့တာတွေကြောင့် ကိုယ့်ကို မုန်းသွားမှာကို

စုန့်ရှင်းရန် သူ့ကိုယ်သူ စိတ်ထဲ ပြောနေရင်းမှာပဲ ပိုင်ရှန်းကျိုက
" အဟမ်း...အရှင့်သား ကျွန်တော်မျိုးမကို လွှတ်ပေး ပါဦး "

ပိုင်ရှန်းကျို အသံလေးကြားမှ စိတ်ထဲ လွန်ဆွဲနေတာတွေ  ဘယ်ရောက်မှန်းမသိ ပျောက်ကုန်ပြီး

" ဟင် ....ကိုယ်က လွှတ်ပေးရမှာလား ....ဘာလို့လဲ  မလွှတ်ပေးချင်ပါဘူး "

ဆိုပြီး ပိုင်ရှန်းကျို လက်ကိုဆွဲကာ  ရှေ့ဆုံးက သူ့ထိုင်ခုံ ဆီ သွားကာ ထိုင်ပြီး ပိုင်ရှန်းကျိုကိုတော့ သူ့ပေါင်ပေါ်မှာ ထိုင်စေတယ်

ပိုင်ရှန်းကျိုကတော့
" အရှင့်သား ကျွန်တော်မျိုးမ ဘေးနားက ထိုင်ခုံမှာပဲ ထိုင်လိုက်ပါ့မယ် "

" မရဘူး ထိုင်ခုံတွေက သစ်သားနဲ့ လုပ်ထားတာမို့မာတယ် "

( Author / နင်ပြောမှ သိမှာလား ထိုင်ခုံက မာပြီး သစ်သားနဲ့ လုပ်တယ်ဆိုတာ 😒 )

" နောက်ဆို ပိုးသား အဝတ်စလေးတွေ ခုပြီးမှ ထိုင် ခုတော့ ဒီမှာပဲထိုင် "

ဆိုပြီး ထရန်ပြင်နေသော ပိုင်ရှန်းကျိုက ခါးကနေဖက်ကာ ဆွဲချ လိုက်တယ်

Host of the best Assassin ( Z & U )Where stories live. Discover now