My Sassy Ghost (Part 1)

3.1K 292 31
                                    

25th May, 2021 (6:30 pm)

​​မှောင်စပြု​နေသည့်နေဝင်ရီတ​ရောအချိန် လမ်းကြား​လေးတစ်ခုမှ ​ကောင်​လေးတစ်​ယောက် ​ကြောက်လန့်တကြား ​ပြေးထွက်လာခဲ့သည်။ လူသွားလာရှင်းတဲ့​ရပ်ကွက်​လေးဖြစ်သည့်အလျောက်ကောင်​လေး​ပြေးလာခဲ့သည့်လမ်းတစ်​လျှောက် တိတ်ဆိတ်ခြင်းသာကြီးစိုး​နေခဲ့သည်။ ထိုကောင်​လေး၏အသက်ရှူသံခပ်ပြင်းပြင်းမှလွဲ၍မည်သည့်အသံမှမကြားရ။

မနားတမ်း ပြေးနေရင်း၊ ပြေးနေရင်း... လမ်းဆုံသို့အရောက်တွင်... "ဒုန်း"ခနဲကျယ်​လောင်သည့် အသံနဲ့အတူ ပြေးလွှားနေသည့် ကောင်​လေး၏ခန္ဓါကိုယ်သည် နှစ်​ပေ​လောက်အထိလွင့်ထွက်သွားခဲ့ရသည်။  အကြောင်းမှာ လမ်းထဲသို့ချိုးဝင်လာသည့် ကားနှင့် ရုတ်တရက်​ပြေးထွက်လာသည့် ကောင်​လေးတို့ အရှိန်ပြင်းပြင်းဖြင့်တိုက်မိခြင်းကြောင့်ဖြစ်သည်။ အဖြစ်အပျက်တို့ကမြန်ဆန်လွန်းသဖြင့် လန့်ကြောင်သွားပုံရသည့်ကားသမားသည် အသိစိတ်ဝင်လာသည့်အခါ ကား​ထဲမှအလျင်စလိုပြေးဆင်းလာပြီး​...

"​ဒီ..ဒီ.. ဒီမှာ.... ကောင်​လေး.. ​ကောင်​လေး.. မင်း... မင်း အသိရှိသေးလား... ငါ့အသံကြားရလား.."

ထိုလူကြီး၏ အ​မေးကို သွေးအလိမ်းလိမ်းနှင့် ထိုကောင်​လေးသည် အသိစိတ်ရှိနေခဲ့သည့်တိုင် မည်သို့မျှတုံ့ပြန်ခြင်းမပြုဘဲ သူ​ပြေးလာခဲ့သည့် လမ်းကြားလေးကိုသာ မျက်လုံးအပြူးသားဖြင့်ကြည့်နေခဲ့သည်။

ထိုစဥ်.. ဘေးပတ်ဝန်းကျင်မှလူများစုရုံးရောက်လာကြပြီး ဆေးရုံကားခေါ်သည့်သူကခေါ်၊ ရဲစခန်းသို့ဖုန်းဆက်သူကဆက်၊ ဗီဒီယိုရိုက်သူကရိုက်ဖြင့် ပွတ်လောရိုက်နေကြလျက်...

"​ကောင်​လေး.. ​ကောင်​လေး.. ငါ​ခေါ်တာကြားရလား။ စကားမပြောနိုင်ရင်တောင် ငါ့အသံကြားရင် မျက်တောင်ဖြစ်ဖြစ်ခက်ပြပါလား"

"ကြည့်ရတာ.. shock ရသွားလို့နဲ့တူတယ်။ အကွေ့မို့လို့အရှိန်သိပ်မပြင်းတော့ ဒဏ်ရာလည်းသိပ်ကြီးပုံမပေါ်ပါဘူး။ ဆေးရုံကားလည်းမကြာခင်ရောက်လာတော့မှာပါ"

ဘေးမှပွဲကြည့်ပရ်သတ်များကလည်း ထိုကားသမားကြီးကို စိတ်ပြေရာပြေကြောင်းဝင်ပြောပေးကြသည်။

My Sassy Ghost (✔)Where stories live. Discover now