24th May, 2021
(ကင်ဆော့ဂျင်အသတ်မခံရခင် ၁ ရက်အလို)"လုပ်ပါ အစ်ကိုရယ်.. ကူညီပါ။ အစ်ကိုကူညီမှဖြစ်မှာမို့လို့ပါဗျာ..နော်..တခါတည်းပါ"
မွန်ဂယူသည်သူ့လက်ကိုဆွဲကာ သူ့ရှေ့တွင်ဒူးမထောက်ရုံတမယ်တောင်းဆိုသည်။ သို့ပေမယ့်.. ထိုအလုပ်တွေလုံးဝဆက်မလုပ်တော့ဘူးဟူသည့်သူ၏ ဆုံးဖြတ်ချက်သည် ခိုင်မာလွန်းနေသဖြင့် ခေါင်းအကြိမ်ကြိမ်ခါ၍ငြင်းဆန်ရုံမှတပါးတခြားရှိမနေပါ။
"မရဘူး မွန်ဂယူ။ ငါ ဒီအလုပ်တွေမလုပ်တော့ဘူး"
"အဲ့ဒီလို အပြတ်တောမငြင်းလိုက်ပါနဲ့ဗျာ။ ကျွန်တော်.. ကျွန်တော်.. တကယ့်ကိုအရေးတကြီးငွေလိုနေလို့ပါ"
မွန်ဂယူ၏ မျက်လုံးများသည် ကဏာမငြိမ်။ မသိလျင် ချက်ချင်းပင်စိတ်ဖောက်ပြန်သွားတော့မည့်သူရူးတစ်ယောက်နှယ်။
"မဟုတ်မှလွဲရော... မင်း.. မင်း လောင်းကစားတွေပြန်လုပ်နေပြန်ပြီလား.. ဟုတ်လား။ အဲ့ဒီလောင်းကစားတွေကိုမလုပ်ပါနဲ့တော့လို့ ငါမပြောခဲ့ဘူးလား... မင်း... "
"မဟုတ်ဘူး.. အစ်ကို။ ကျွန်တော် အဲ့ဒါတွေမလုပ်တော့ပါဘူး။ လောင်းကစားရုံဘက်ကိုတောင်ခြေဦးမလှည့်ဖြစ်တာ ကြာပါပြီဗျာ။ ဒီ တခါငွေလိုတာ လောင်းကစားကြောင့်မဟုတ်ပါဘူး"
"ပြောပါဦး.... ဒါဆို.. ဘာကိစ္စကြောင့် ဒီလောက်အသည်းအသန်ငွေလိုနေရတာလဲ"
မွန်ဂယူသည် ဖွာလန်ကျဲနေသည့်သူ့ဆံပင်တွေကို သပ်တင်၍ စိတ်ညစ်ညူးဟန်သက်ပြင်းတစ်ချက်ရှိုက်သည်။
"ကျွန်တော့်ကောင်မလေးမှာ.... ကိုယ်ဝန်ရှိနေပြီတဲ့"
"ဘယ်လို! နေပါဦး.. မင်းတို့ကပြတ်သွားတာကြာပြီမဟုတ်လား? ဘယ်လိုဖြစ်ရတာလဲ"
"ကျွန်တော်လည်း မနေ့က မထင်မှတ်ပဲပြန်တွေ့လို့ သူ့မှာကိုယ်ဝန်ရှိနေမှန်းသိရတာ။ ကိုယ်ဝန်ကလည်းတော်တော်ရင့်နေပြီ။ မွေးဖို့ရက်ကလည်းသိပ်မလိုတော့ဘူးတဲ့"
ထိုစကားကြောင့် သူ့မျက်ဝန်းတွေပြူးကျယ်သွားရသည်။ သူ့အမှတ်မှားဘူးဆိုလျင် ကောင်မလေးက မွန်ဂယူကိုထားသွားခဲ့တာပဲလေ။ အဲ့တုန်းက မွန်ဂယူအတော်ခံစားခဲ့ရတာကိုသူ မှတ်မိနေပါသေးသည်။
YOU ARE READING
My Sassy Ghost (✔)
Fanfiction(Unicode) သရဲလေးတစ်ကောင် ကောက်ရထားသည်။ Jeon Jung Kook 💜 Kim Seok Jin (Zawgyi) သရဲလေးတစ်ကောင် ကောက်ရထားသည်။ Jeon Jung Kook 💜 Kim Seok Jin