My Sassy Ghost (Part 6)

1.1K 212 6
                                    

"​ဂျောင်ကု... မင်း ငါ့ကို မှတ်မိသွားပြီလား"

"အင်း"

သူ.. ဆော့ဂျင်ကိုရိုးရိုးရှင်းရှင်းပင်ပြန်ဖြေလိုက်သည်။ အတိတ်... အတိတ်... မြူမှုန်တစ်မှုန်စာမျှ သာယာပျော်ရွှင်ဖွယ်မရှိသော အတိတ်ရဲ့အရိပ်တွေ။ ထိုအတိတ်တွေကိုကြာကြာမေ့ပျောက်ခွင့်မရခဲ့ပုံကိုကြည့်ခြင်းအားဖြင့် သူ့မှာပေးဆပ်စရာဝဋ်ကြွေးတွေတစ်လှေကြီးကျန်နေသေးတယ်ထင်ပါရဲ့။ 

"ဒါဆို.... မင်း မျက်နှာကြီးကဘာဖြစ်နေတာလဲ။ ဘာလို့ မျောက်အိုမကြီး လင်ပျောက်သလိုမှိုင်နေတာလဲ"

ဆော့ဂျင်ရဲ့အပြောလေးကြောင့် သူ ပြုံးမိသွားသည်။ တော်သေးတယ်.. တစ်စက်မျှစိတ်ချမ်းသာစရာ မရှိတဲ့ သူ့ဘဝထဲကို ဒီဗရုတ်သုတ်ခလေးရောက်လာခဲ့ပေလို့။

"ဘာပြောတယ်! အဲ့ဒါမင်း​ကြောင့်​ပေါ့။ ဘာလို့ငါ့ကို​ရေထဲတွန်းချရတာလဲ။ ​သေသွားရင်ဘယ်လိုလုပ်မလဲ"

လေသံမာမာဖြင့်အော်လိုက်တော့လည်း ကင်ဆော့ဂျင်ရဲ့ဗီဇ အတိုင်း ကမ္ဘာ့အဖြူစင်ဆုံးမျက်နှာပေးလေးဖြင့် ဟီးခနဲ ရယ်ပြ၏။

"အဟီး... အရမ်းလန့်သွားလား"

"လန့်သွားတာ​​ပေါ့။ ​သေပြီ​တောင်ထင်​နေတာ"

"​ဆောရီးပါကွာ။ ငါလည်းမင်းကိုမြန်မြန်သတိရ​စေချင်တဲ့​ စေတနာသန့်သန့်နဲ့ လုပ်လိုက်တာပါ။ ရုပ်ရှင်​တွေထဲမှာဆိုအဲ့လိုပဲ​လေ။ ထိတ်လန့်စရာတစ်ခုခု​ကြုံရင်အတိတ်ကိုပြန်သတိရသွားကြတာပဲ​မဟုတ်ဘူးလား"

"အဲ့ဒါနဲ့ပဲ ငါ့ကို​ရေထဲတွန်းချပစ်တယ်​ပေါ့။ မင်းဟာ​လေ ​ပြောလိုက်ရင်မျက်နှာငယ်​လေးနဲ့ ပြီးရင်လုပ်ချင်ရာလုပ်တာပဲ။ ဆင်​ခြေ​ဆင်လက်​တွေကလည်းတစ်ကိုယ်လုံးအပြည့်ပဲ"

ဒီလိုကျပြန်တော့ မျောက်မူးလဲ​လေးက မျက်နှာငယ်​လေးနဲ့ နှုတ်ခမ်းကိုစူလို့။

"ကဲ..သွားမယ်။ ဒီမှာတစ်ကိုယ်လုံ​ရေ​တွေရွှဲကုန်ပြီ"

ထိုမျက်နှာလေးကို မသိကျိုးကျွံပြုကာ ရှေ့ဆက်မယ်ပြင်တော့...

"​နေဦး။ ငါ့ကိုပဲအပြစ်​ပြော​နေရ​အောင် မင်းလည်း အမှားမလုပ်ထားတာကျ​နေတာပဲ... ဟွန့်"

My Sassy Ghost (✔)Where stories live. Discover now