My Sassy Ghost (Part 4)

1.2K 233 10
                                    

​​နွေဦးအကုန်​ နွေရာသီ​ရောက်စမို့ ရာသီဥတုသည် ပူစပြု​နေပြီဆို​သော်လည်း ကောင်းကင်ကြီးသည်ကြည်လင်​နေလျက် ပတ်ဝန်းကျင်တစ်ခုလုံး ပန်းနံ့​တွေဖြင့်သင်းပျံ့​နေပါသည်။ သို့ပေမယ့် Moon Bakery ဆိုသည့်ဆိုင်​လေးက​တော့ ချစ်စရာ​ကောင်းသည့်ဆိုင်အပြင်အဆင်၊ သာယာသည့်ရာသီဥတုနှင့် ဆန့်ကျင်ဘက်ဆန်စွာ ခြောက်ကပ်မှေးမှိန်လို့နေ၏။ ​

လေတိုက်တိုင်းယိမ်းနွဲ့သွားတတ်သည့် ဆိုင်တံခါး​ပေါ်မှ dream catcher ​လေးက​တော့ တာဝန်​ကျေပွန်စွာ ​လေတိုက်တိုင်းသာယာနာ​ပျော်ဖွယ်ခြူသံ​လေး​တွေအဆက်မပြတ်ထုတ်လွှင့်​နေသည်။ Moon Bakery ဆိုင်​ရှေ့ကခုံတန်း​လေးမှာ​တော့ အတိတ်ကအရိပ်​တွေကိုပြန်လည်လွမ်းဆွတ်​နေသည့်ကောင်​လေးနှင့် အဲ့​ဒီ့ကောင်​လေးကိုညှိုးငယ်သောမျက်လုံး​ဝိုင်းလေးတွေဖြင့်ငေး​နေရှာတဲ့​ကောင်​လေး တို့သည်ဘေးချင်းကပ်ထိုင်နေကြ၏။

"ငါကလေ.. အစားစား​နေရတဲ့အချိန်ဆိုအ​ပျော်ဆုံးပဲ.. သိလား။ အထူးသဖြင့် ချိုချိုစိမ့်စိမ့်လေးတွေ စားနေရတဲ့အချိန်​ပေါ့။ အဲ့ဒါ​ကြောင့်.. ဒီဆိုင်​လေးကိုဖွင့်ဖြစ်ခဲ့တာ။ ငါ့ရဲ့​ပျော်ရွှင်မှု​တွေကို ငါလုပ်တဲ့မုန့်​လေး​တွေကတစ်ဆင့် လူ​တွေအများကြီးဆီကို​ဝေမျှချင်တာ ငါ့ရဲ့ က​လေးဘဝကတည်းကမက်ခဲ့တဲ့အိပ်မက်တစ်ခု​ပေါ့"

"ဒီဆိုင်​လေးကိုစဖွင့်တုန်းက ငါ့အိပ်မက်​တွေကိုအ​ကောင်အထည်​ဖော်ခွင့်ရပြီဆိုပြီး သိပ်ပျော်​နေခဲ့တာကို ရုပ်ရှင်ပိတ်ကားပေါ်မှာမြင်နေရသလိုမျိုး အစအဆုံး အသေချာကိုမှတ်မိနေသေးတယ်.. သိလား"

"ပြီး​တော့လေ.. ငါ ကိုယ်တိုင် စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ထားတဲ့မုန့်​တွေကိုစားပြီး​ ပျော်ရွှင်သွားတဲ့လူ​တွေကိုကြည့်ရတဲ့အချိန်က ငါ့အတွက်အကြည်နူးဆုံးအချိန်​တွေပဲ။ ဒါ​ပေမယ့် ငါ့ရဲ့​ပျော်ရွှင်မှု​တွေက ငါးလ​လောက်ပဲခံလိမ့်မယ်လို့ ငါဘယ်တုန်းကမှမ​တွေးခဲ့မိဘူးသိလား။ လူ​တွေ​ပြော​ပြော​နေတဲ့ 'လူ့ဘဝဆိုတာ တိုတို​လေး' ဆိုတဲ့စကားကသိပ်မှန်တာပဲ။ လွန်ခဲ့တဲ့ ၃ရက်​လောက်က ငါ​ဒီ​နေရာမှာ ငါ့ customer ​တွေနဲ့စကား​တွေ​ပြောရင်း ရယ်​မော​နေခဲ့​သေးတယ်။ အဲ့အချိန်တုန်းက​တော့ ငါ့ကိုတစ်​ယောက်​ယောက်က သတ်လိုက်လို့ ဒီဘဝကို​ရောက်လိမ့်မယ်လို့ဘယ်​တွေးမိပါ့မလဲ"

My Sassy Ghost (✔)Where stories live. Discover now