My Sassy Ghost (Part 5)

1.1K 225 6
                                    

"ဂျွန်​ဂျောင်ကု.. ဂျွန်​ဂျောင်ကု.. မင်း.. မင်း ဘယ်မှာပုန်း​နေလဲ..ဟင်.. ထွက်ခဲ့စမ်း.. ဂျွန်​ဂျောင်ဂု!!"

ချလွမ်း..ချလွမ်း..ဂွမ်း

"ထွက်ခဲ့လို့​ပြော​နေတယ်​လေ.. ဂျွန်​​ဂျောင်ကု.."

မနက်​စော​စောစီးစီး ဆူညံသံ​တွေနဲ့ပြည့်နှက်​နေ​ပေမယ့် ပတ်ဝန်းကျင်ကကျင့်သားရ​နေပြီထင်.. ဘယ်သူမှအသံလာရာကိုထွက်မကြည့်ကြသလို.. ဘယ်သူမှ လာ​ရောက်စပ်စုခြင်းမပြုကြ။

ပေ ၂၀ ပတ်လည်သာကျယ်ဝန်း​သော ထိုအခန်းကျဥ်း​လေး၏ ကြမ်းပြင်​ပေါ်မှာ​တော့စိတ်ရှိလက်ရှိရိုက်ခွဲခံထားရသည့် ပန်းအိုးအကွဲ​တွေ၊ ဖန်ခွဲစ​တွေဖြင့် ပြည့်နှက်​လို့နေသည်။ ပြီး​တော့ ထိုဆူညံသံ​တွေ​ကြောင့် အသား​တွေတဆတ်ဆတ်တုန်​အောင်​ကြောက်​နေရှာသည့် ၅နှစ်အရွယ်​ ကောင်​လေးတစ်​ယောက်။ 

ကြောက်လွန်းသဖြင့် ဗီဒိုထဲတွင် ဝင်ပုန်း​ခိုနေရပြီး အသံထွက်မိမှာစိုးလို့ထင်.. သူ၏ပါးစပ်ကိုလက်သေးသေးလေးနှစ်ဖက်ဖြင့် တင်းနေအောင်ပိတ်ထား၏။ ပါးပြင်​ပေါ်တွင်တော့ မျက်ရည်​တွေဟာ အတားအစီးမဲ့စီးကျနေသော်လည်း ရှိုက်သံသေးသေးလေးတောင်ထွက်မိမှာစိုးရှာသည့် ထိုကောင်လေးမှာ အသက်တောင်ရဲရဲမ,ရှူရဲသဖြင့် မျက်နှာလေးတစ်ခုလုံးပေါက်ထွက်မတတ်နီရဲနေရှာသည်။ 

ဒုန်း~~

ထိုစဥ်.. ဒုန်းခနဲပွင့်သွားသည့် ဗီဒိုတံခါး။ ဆွဲဖွင့်သည့်အရှိန်ဟာ ပြင်းလွန်းတာကြောင့် မြည်ဟီးသံမှာအချိန်ကြာသည်အထိ မပျောက်သွားပါ။ ဗီဒိုထဲတွင်ပုန်းနေသည့် ထိုကလေးငယ်လေးကတော့ မကောင်းဆိုးဝါးတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ မျက်လုံးဝိုင်းလေးတွေပြူးကျယ်သွားပြီး.. လက်အုပ်လေးချီကာ...

"ဂျောင်ကုကီ.. မှားသွားပါတယ်။ ဂျောင်ကုကီ ကိုမရိုက်ပါနဲ့နော်။ မှားသွားပါတယ်... မရိုက်ပါနဲ့​နော်"

တုန်တုန်ယင်ယင်ဖြင့်တောင်းပန်နေရှာသည့်ထိုသနားစဖွယ်ကောင်လေးသည် တောင်းပန်နေသည့်ကြားမှ လည်ဂုတ်မှ ကြမ်းကြမ်းတမ်းတမ်းဆောင့်ဆွဲခံလိုက်ရကာ...

My Sassy Ghost (✔)Where stories live. Discover now