My Sassy Ghost (Part 2)

1.5K 258 33
                                    

"ဂျွန်ဂျောင်ကု... ဂျွန်ဂျောင်ကု.. ရား! ဂျွန်ဂျောင်ကု.."

ဆိုသည့် အသံ​သေး​သေး​လေးကြောင့် သူ အိပ်ရာ​ပေါ်တွင်မှောက်လျှက်သားအိပ်​မောကျ​နေရာမှဆတ်ခနဲ လန့်ကြောင်နိုးသွားရသည်။ အိပ်ရေးမဝ,တဝ အနေအထားတွင် အသိစိတ်က မ,ကပ်နိုင်သေးတော့ မျက်မှောင်တွေစုကျုံ့၍ခဏတာကြောင်အမ်းငေးမောပြီးသကာလ.. ကုတင်​ဘေးမှ စားပွဲ​တင် နာရီ​လေးကို သူ လှမ်းကြည့်လိုက်​တော့...

"အင်းးးး.... အခု..မှ.. ၁၂ နာရီ ၁၀ မိနစ်ပဲရှိသေးတာလား။ ဒါဆို... ငါ.. အိပ်ပျော်သွားတာ နာရီဝက်တောင်မရှိသေးဘူးပဲ"

"၁၂ နာရီ ၁၀ မိနစ် မဟုတ်ဘူး.. ငတုံးရဲ့။ မနက် ၂ နာရီကွ"

"အမလေး!! ဘာတုန်းဟ!!!"

သတိရှိနေချိန် ပီပီသသကြားလိုက်ရ​သော အသံကြောင့် သူ​ ခေါင်းမွှေးများပင်ထောင်ကုန်ပြီး အိပ်ရာပေါ်မှ စောင်တို့ဖြင့်လုံးထွေးကာ ဒလိမ့်ခေါက်ကွေး ပြုတ်ကျလေတော့သည်။

ထိုစဥ်.. ရုတ်တရက်သူ့ အပေါ်တွင် တစ်ခုခုရှိနေသလိုခံစားလိုက်ရသဖြင့် သူဖြည်းဖြည်းချင်း မော့ကြည့်လိုက်သောအခါ....

"ဟင်!!"

တွေ့လိုက်ရသည့် မြင်ကွင်းက သူ့ကို မင်သက်​သွားစေပါသည်။ ဆွံ့,အ သွားစေပါသည်။ အာ​ခေါင်​တွေ​ခြောက်လာပြီး ​အော်ဖို့​​​တောင်​မေ့သွားသည်အထိ လောကကြီးနှင့် ခေတ္တအဆက်အသွယ်ပျက်သွားစေပါသည်။ ဟုတ်တယ်​လေ.. သူ့မျက်စိ​ရှေ့မှာ လူတစ်​ယောက်​ လေထဲမှာ တွဲ​လောင်းကြီးဖြစ်​နေတာကို မျက်ဝါးထင်ထင်၊ ရှင်းရှင်းလင်းလင်း၊ အသေအချာကြီးကို မြင်လိုက်ရသည်ပဲ.. မလန့်ဘဲခံနိုင်ရိုးလား။

"ရား.. ဂျွန်ဂျောင်ကု.. အခုလို မျက်လုံးကြီးပြူးပြီးကြည့်နေမယ့်အစား.. အော်တာဖြစ်ဖြစ်၊ သတိလစ်သွားတာဖြစ်ဖြစ်.. တစ်ခုခုတော့ဖြစ်သင့်တယ်မဟုတ်ဘူးလား။ မင်းမျက်နှာကြီးကြည့်ပြီး ငါတောင်ပြန်လန့်ချင်လာပြီ"

"မင်း... မင်း.. မင်းကဘယ်သူလဲ.. သ..သ..သ..သရဲလား"

"သေချာတာပေါ့။ သရဲမဟုတ်ဘဲနဲ့သာမန်လူက အခုလို​လေထဲပျံ​နေပါ့မလား။ စဥ်းစား​လေ.. ဟဲ့ကောင်ရ"

My Sassy Ghost (✔)Where stories live. Discover now