My Sassy Ghost (Final)

1.6K 245 22
                                    

4th June 2013

ဤ​လောကကြီးတွင် ကင်​ဆော့ဂျင်တစ်​ယောက်မလုပ်နိုင်သောအရာတစ်ခုကို​ပြောပါဆိုလျှင် အိမ်မှာငြိမ်ငြိမ်​လေးထိုင်ပြီးမ​နေနိုင်တာလို့ပဲ​ပြောရမလိုဖြစ်​နေပြီ။ အခုလည်းကြည့်​လေ ​နေမ​ကောင်းလို့အိမ်မှာ ၃ ရက်​လောက်ငြိမ်ငြိမ်​လေး​နေရတာကို ကျွန်တော့်မှာကမ္ဘာပျက်သလိုခံစား​နေရတာ။ ဒါကြောင့် ဒီ​နေ့​တော့အဖျားလည်းကျသွားပြီမို့​ ဒေါ်​လေးဘာ​ပြော​ပြော ဂရုမစိုက်ဘဲ အပြင်ထွက်ဖြစ်​အောင်ထွက်မယ်လို့ဆုံးဖြတ်လိုက်တော့သည်။

ကျွန်တော့်အတွက်ကံ​ကောင်းချင်​တော့ ​ဒီနေ့မှ ဒေါ်​လေးက သူ့သူငယ်ချင်းနဲ့အပြင်သွားစရာရှိလို့ဆိုပြီးကျွန်တော့်ကိုတစ်​ယောက်တည်း အိမ်မှာထားသွားသည်။ ဘယ်မှလျှောက်မသွားနဲ့လို့ တတွတ်တွတ်မှာခဲ့ဖို့လည်းမမေ့ဘူးပေါ့။ ကျွန်တော်ကတော့ထုံးစံအတိုင်းပုတ်သင်ညိုတစ်ကောင်လို ဒေါ်လေးပြောသမျှခေါင်းညိတ်နာခံချင်ယောင်ဆောင်နေပေမယ့် ခေါင်းထဲမှာ plan တွေက သူ့ဟာနဲ့သူရှိပြီးသား။ ဆိုတော့ကား.. ကျွန်တော်လည်း​ဒေါ်​လေးအိမ်ကထွက်သွားတာနဲ့ ဆယ်မိနစ်တောင်မခြားဘဲစက်ဘီး​လေးစီးကာ ဟန်မြစ်ဘက်သို့ လေညှင်းခံထွက်လာလိုက်တော့သည်။

"လွတ်လပ်ခြင်းဆိုတာ ဒါဘဲကွ.. ဟား.. ဟား"

လက်သီးလက်မောင်းတန်းပြီးအားရပါးရအော်နေတဲ့ကျွန်တော့်ကို ပတ်ဝန်းကျင်ကလူတစ်ချို့က 'ဘာလဲဟ' ဆိုတဲ့အကြည့်ဖြင့်ကွက်ကြည့်,ကွက်ကြည့်လုပ်သွားကြသည်။ ကျွန်တော့်ပုံကလည်းမသိလျှင် နှစ် ၂၀ လောက် အချုပ်ကျခဲ့တဲ့သူလိုလိုဘာလိုလို။ တကယ်က သုံးရက်တည်းအပြင်မထွက်ခဲ့တာပါ.. သုံးရက်တည်း။

"ဟီး.. ဟီး.. ဒေါ်လေးတာသိရင် ဗျစ်တောက်၊ ဗျစ်တောက်နဲ့ပြောလို့ဆုံးမှာမဟုတ်ဘူး။ ဆော့ဂျင်နီးကိုခွင့်လွှတ်ပါ.. ဒေါ်လေးရယ်။ ဆော့ဂျင်နီးကလေ.. ဒေါ်လေး ပွစိပွစိပြောတဲ့ပုံလေးကိုချစ်လွန်းလို့.. ဒေါ်လေးမကြိုက်တာကိုမှ ရွေးလုပ်နေတာပါ"

"ဟာ..ဟ.. ငါ့အိုက်တင်ကကောင်းလိုက်တာ။ မင်းသားတောင်ရှုံးတယ်.. ခိ"

My Sassy Ghost (✔)Where stories live. Discover now