Warning ↬ mature scene contains in this one shot ( ꈍᴗꈍ)
မှောင်မည်းအေးစက်နေသောတောနက်တစ်နေရာ
နှင်းထုကြီးတွေဖုံးအုပ်နေသော နှင်းတောရဲ့သစ်ပင်အရှည်ကြီးတွေက နေရာတိုင်းမှာပုံစံတူစွာပေါက်ရောက်နေသည် ။ ခြေတစ်လှမ်းရွေ့တိုင်း နှင်းထုထဲကိုကျွံဝင်သွားကာ ထင်သလောက်ခရီးမတွင်ပေ
နေရာပေါင်းစုံကပြေးနေသောခြေသံတွေက တောနက်ကြီးတစ်ခုလုံးပျံ့နှံ့နေပြီး တစ်ခါတစ်လေမြန်လာလိုက် တစ်ခါတစ်ရံနှေးသွားလိုက်နှင့်မိလို့လုံးဝမဖြစ်ဘူး Samavia (ဆာမားဗီးယား) ကိုလုံးဝပြန်သွားလို့မဖြစ် ...
ဆွဲကိုင်ထားသောလက်ကို ပိုတင်းနေအောင်ဆုပ်ကိုင်မိတော့ Kim ကသူ့ကိုဖြစ်ရဲ့လားဆိုတဲ့အကြည့်နဲ့လှည့်ကြည့်လာတာကြောင့် ခေါင်းသာငြိမ့်ပြလိုက်မိသည် ။ဘယ်အချိန်များမိသွားမလဲဆိုတဲ့ကြောက်စိတ်...မောပန်းနွမ်းနယ်နေတဲ့စိတ်
ဒီတောထဲကိုရောက်လာတာမနက်အာရုံတက်ချိန်တည်းက
အခုဆိုညသန်းခေါင်ကျော်နေလေပြီ ဘာမှမစားရသေးသလို ရေဆိုတာလည်းတစ်စက်တောင်မသောက်ရသေးတာကြောင့် တစ်ကိုယ်လုံးမှာအားအင်ဆိုတာမရှိတော့လောက်အောင်ကိုဖြစ်နေလေပြီ
ခြေထောက်တွေဆိုတာလည်းအေးစက်ထုံခဲနေကာ လှုပ်လို့လှုပ်နေမှန်းတောင်မသိတော့ပေ
White fox တစ်ကောင်ကိုတောင်သတ်ပစ်နိုင်တဲ့အအေးဒဏ်ကဘယ်လောက်ပြင်းထန်မလဲခန့်မှန်းကြည့်ဖို့ပင်လိုမည်မထင်တစ်နေကုန် fox အသွင်ဖြင့်ပြေးနေခဲ့တာကြောင့် အခုဆို fox ပုံစံထပ်ပြောင်းဖို့တောင်အားမရှိတော့ပေ
ထိုစဉ်နှင်းထုထဲကျွံဝင်သွားသောခြေထောက်တစ်ဖက်က ပြန်ဆွဲထုတ်လို့မရဘဲ နှင်းဖြူဖြူပေါ်မှာသွေးရောင်တွေရဲကုန်သည်
ဆစ်ခနဲဖြစ်သွားပေမယ့် ထုံခဲနေတာကြောင့်သိပ်တော့မနာ
အရှေ့ကနေဦးဆောင်သွားနေတဲ့ Kim က အဲ့တော့မှလှည့်ကြည့်ကာ သူ့ရဲ့သွေးထွက်နေသောခြေထောက်ကိုမြင်သွားပြီး သူ့အနားမှာထိုင်ချလိုက်ရင်းခြေထောက်ကိုသေချာဆွဲထုတ်ပေးသည်
YOU ARE READING
V'S HOPE || ᴏɴᴇ sʜᴏᴛs ||
FanfictionKIM TAEHYUNG X JUNG HOSEOK💜 Vope One shots collection✨ Some stories can contain mature contents❗️ both Unicode and Zawgyi Written by Helios ..............................