မင်းရဲ့ပုံရိပ်ကလေးလား...မင်းကိုယ်တိုင်ပဲလား ...
သေချာတာကတော့
ကိုယ်က မင်းရဲ့အပြုံးတွေကိုသေချာမဖမ်းယူတတ်ခဲ့တဲ့
ငတုံးတစ်ယောက်သာ....•───── ᴘʜᴏᴛᴏɢʀᴀᴘʜ ─────•
ဆောင်းဦးပေါက်ကာစ မနက်ခင်း၏နေရောင်နွေးနွေးလေးနှင့်အတူ ဆိုလ်းကနေ ဂွမ်ဂျူမြို့သို့သွားရာ အဝေးပြေးလမ်းမထက်တွင်ကားလေးတစ်စီးကသာမန်အရှိန်လောက်ဖြင့်သာရွေ့လျားနေလေသည် ။
ထိုကားလေးဖြတ်သွားသည့်အချိန်မှာတော့ သီချင်းသံအေးအေးလေးကိုပါကြားနိုင်ပါလိမ့်မည် ။ မနက်စောစောမို့လမ်းမထက်တွင်လည်းအသွားအလာမရှိတော့ ထိုကားလေးတစ်စီးတည်းနှင့် အတော်လေးခြောက်ကပ်ကပ်နိုင်နေ၏ ။ တမျှော်တခေါ်မြင်နေရသောစိမ်းစိုစိုပတ်ဝန်းကျင်သည်လည်းစိတ်ကိုလန်းဆန်းမှုမပေးနိုင်ချေ
ကားမောင်းနေသည့်သူကိုင်တိုင်လည်းမနက်စောစောထခဲ့ရသည်မို့အနည်းငယ်ငိုက်မြည်းစပြုနေလေပြီ ...
ထို့ ကြောင့်ကားထဲရှိဖွင့်ထားသောရေဒီယိုလေးကိုလိုင်းပြောင်းပစ်လိုက်သည်"ကောင်းသောမနက်ခင်းလေးပါ... Youth FM ရဲ့မနက်ခင်းအစီအစဥ်လေးက 7:00 အချိန်မှာစတင်ပါတော့မယ် ...
.
.
ဒီနေ့ပြောမယ့်ခေါင်းစဥ်လေးကိုတော့ *အချစ်* လို့ပဲအမည်ပေးထားဖြစ်တယ်... spoiler ပေးရမယ်ဆိုရင်တော့ ဒီနေ့အစီအစဥ်မှာ review လေးအနည်းငယ်လည်းပါလိမ့်မယ်ထင်တယ် ကဲ စလိုက်ကြရအောင် "အနည်းငယ်တိုးနေသောအသံကြောင့် ရေဒီယိုကိုအသံချဲ့လိုက်ပြီး ပိုကာအာရုံစိုက်လိုက်သည်နှင့် အိပ်ချင်နေသောစိတ်မှာအနည်းငယ်ပြေလျော့လာသည် ။
"အချစ်ဆိုတာတစ်ကယ်တော့နေရာတိုင်းမှာရှိနေတယ်
ကျွန်တော့်အထင်တော့ လူတစ်ယောက်ကအချစ်မရှိဘဲရှင်သန်လို့မရနိုင်ဘူး
အချစ်ကနူးညံ့သလို လူတစ်ယောက်ကိုလည်းပြောင်းလဲနိုင်စွမ်းရှိပါတယ်
ဘယ်သူ့ကိုမှမချစ်ပါဘူးလို့အော်နေတဲ့လူတွေတောင် အနည်းဆုံးတော့ကိုယ့်ကိုကိုယ်ချစ်ကြသေးတာပဲလေ
အချစ်အကြောင်းပြောရင်ကျွန်တော်ဇာတ်ကားလေးတစ်ခုကိုလည်း review ပေးရပါလိမ့်မယ်...တစ်ခြားတော့မဟုတ်ပါဘူး
ဒီဇာတ်ကားကိုလူတိုင်းကြည့်ဖူးကြမှာပါ 2003 ခုနှစ်တုန်းကထွက်ခဲ့တဲ့ Love Actually ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်
အဲ့ဒီရုပ်ရှင်ထဲမှာ လူအမျိုးမျိုး ပတ်ဝန်းကျင်အမျိုးမျိုးမှာရှိတဲ့ မတူညီတဲ့လူတန်းစားတွေကြားထဲက လှပတဲ့အချစ်တွေကို သေသပ်စွာပုံဖော်ပြသွားခဲ့တယ် ။ ဒါကြောင့်အချစ်ကိုမသိသေးဘူးဆိုရင် အဲ့ဒီရုပ်ရှင်ကိုကြည့်ကြည့်သင့်ပါတယ်.... အချစ်ကတစ်ကယ်မရှိတာမဟုတ်ပါဘူး မမြင်တတ်သေးတာပါ
YOU ARE READING
V'S HOPE || ᴏɴᴇ sʜᴏᴛs ||
FanficKIM TAEHYUNG X JUNG HOSEOK💜 Vope One shots collection✨ Some stories can contain mature contents❗️ both Unicode and Zawgyi Written by Helios ..............................