![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. Pi~Pi~Pi~Pi~Pi~
အဆက်မပြတ်ထွက်ပေါ်နေသောAlarmကို
ကျွမ်းကျင်လှသောSkillနှင့်မျက်စိမှိတ်လျှက်လှမ်းပိတ်လိုက်ပြီးနောက်
တစ်ဖန်ပြန်လည်အိပ်စက်ရန်စောင်ကိုခေါင်းအထိထွေးခြုံပစ်လိုက်သည်
နောက်ထပ်Alarmမမြည်ခင်အထိအေးအေးဆေးဆေးအိပ်လို့ရသေးတယ်"Kim TaeHyung မင်းအခုမထရင် မနက်စာလာမစားနဲ့တော့!!!!!!"
အောက်ထပ်ကလှမ်းအော်သောHyungကအရမ်းအသံအောင်လွန်းတယ်
ချစ်လှစွာသောခင်ပွန်းရဲ့ချိုသာလှတဲ့Alarmကတော့ပိတ်လို့မရမှန်းသိသည်မို့ထမှရမည်ချစ်စခင်စလို့ပြောလို့ရသောအိမ်ထောင်ရေး~~
သူတို့လက်ထပ်ထားတာတစ်လသာရှိသေးသည်
သူများစုံတွဲတွေလိုMorning kiss လေးပေးမယ်
ရင်ခွင်ထဲတိုးဝင်ကာငါးမိနစ်ပဲနော်ပြီးရင်ထမယ်ကွာဆိုပြီးချွဲဖို့နေနေသာသာ
တစ်ခါတစ်လေဆိုနှိုးမရရင်ခုတင်ပေါ်ကကန်ချတာတို့
ဒါမှမဟုတ်ရေကိုပုံးလိုက်လောင်းချတာတို့
ဆံပင်ဆောင့်ဆွဲပြီးနှိုးတာတို့
နောက်ဆုံးမနှိုးဘဲထားခဲ့လို့အလုပ်ပျက်ရတဲ့ရက်ပေါင်းဟာလည်းမနည်းတော့ပေဒါတွေကနားလည်ရခက်တဲ့အခြေအနေတစ်ခုကစခဲ့တာ
ပြောရရင်မင်္ဂလာဦးညတည်းက...
.
.
.
.
.
"Hyung ပင်ပန်းနေပြီလားဟင်""ပင်ပန်းလို့ရမလား TaeHyungie လေးကိုပြုစုရဦးမယ်လေ"
ညပိုင်းလုပ်တဲ့ဧည့်ခံပွဲမှာရှန်ပိန်အနည်းငယ်သောက်လာလို့ရီဝေဝေမျက်လုံးလေးတွေဖြစ်နေတဲ့ Hyung က သူ့လည်တိုင်တွေကိုဖက်တွယ်ထားကာလေးလေးပင်ပင်ပြောလာသည် ပုံမှန်ချိန်ဆိုအရမ်းရှက်တတ်တဲ့ Hyung က အရက်ရှိန်ကြောင့်များရဲတင်းနေတာလား
မင်္ဂလာဦးညဆိုတာမျိုးကရင်ခုန်စရာအကောင်းဆုံးအချိန်
အဲ့ဒါအပြင်ချစ်သူသက်တမ်းတစ်နှစ်အတွင်းမှာလည်း တစ်ခါမှအတူမနေဖူးသောသူတို့အတွက်ဒီညဟာလုံးဝအဓိပ္ပာယ်တွေနဲ့ပြည့်နေမှာ
![](https://img.wattpad.com/cover/259362643-288-k424812.jpg)
YOU ARE READING
V'S HOPE || ᴏɴᴇ sʜᴏᴛs ||
FanfictionKIM TAEHYUNG X JUNG HOSEOK💜 Vope One shots collection✨ Some stories can contain mature contents❗️ both Unicode and Zawgyi Written by Helios ..............................