![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. မုန်းတယ်... သူဖြစ်နေလို့ကိုမုန်းတာ
သူ့ရဲ့ဖြစ်တည်မှုကိုတောင်မရှိစေချင်လောက်တဲ့အထိမုန်းတာ
မျက်စိရှေ့ကနေပျောက်ကွယ်သွားစေချင်တဲ့အထိကိုမုန်းတာ
ပြုံးပျော်နေတာကိုမမြင်ချင်လောက်တဲ့အထိမုန်းတာ
သူ့အနားမှာတစ်ခြားသူတွေရှိနေတာကိုမုန်းတာ
အမြဲသည်းခံချင်ယောင်ဆောင်နေလို့ကိုမုန်းတာ
နေ့တိုင်း အချိန်တိုင်း စက္ကန့်မလပ်ကိုမုန်းတာ
အကြောင်းပြချက်လား? မရှိဘူး.... မုန်းချင်လို့ကိုမုန်းနေတာ ။
•─────── ʙʀᴏᴛʜᴇʀ ──────•
ကျောင်းအနောက်ဘက်လူသွားလူလာနည်းတဲ့တစ်နေရာ....
တိတ်ဆိတ်နေသောနေရာတွင် ပြန့်ကျဲနေသောမှတ်စုစာအုပ်လေးများနှင့်အတူ တိုးတိုးကြိတ်ကြိတ်ထွက်နေသောရိုက်နှက်သံတွေကသာ ပဲ့တင်ထပ်နေသည် ။
အနိုင်ကျင့်ခံ နေရသောကောင်လေးမှာတော့ ရိုက်နှက်ခံနေရခြင်းအားအသားကျနေသလိုလို ဒါမှမဟုတ်အသိစိတ်ပဲလွတ်နေသလို တုန့်ပြန်ခြင်းဆိုတာပကတိကင်းမဲ့လျှက်"ခွေးမသားလေးကလုပ်လည်းမနာတတ်ဘူး မြင်လား "
သူ့ရှေ့မှာကြုံ့ကြုံ့လေးဖြစ်နေတဲ့လူသားကိုကြည့်ပြီး ဒေါသတွေအလိပ်လိုက်ထွက်လာတာကြောင့် လက်ထဲတွင်ကိုင်ထားသောဘေ့စ်ဘောရိုက်သည့်တုတ်ကိုလွှဲကာ ထိုကောင်လေးထံသို့ပို့လိုက်သည်နှင့် *ခွပ်!* ခနဲအသံထွက်ကာမြေပေါ်သို့လဲကျသွားသည် ။
"နာလား ဟမ် !!! "
နာတယ်ဟုဖြေမိလျှင် ထပ်ကာထပ်ကာအရိုက်ခံရမည်ကိုသိနေသလို
သူ့အမေးကိုထိုကောင်လေးကခေါင်းခါပြကာဖြေသည်
![](https://img.wattpad.com/cover/259362643-288-k424812.jpg)
YOU ARE READING
V'S HOPE || ᴏɴᴇ sʜᴏᴛs ||
FanfictionKIM TAEHYUNG X JUNG HOSEOK💜 Vope One shots collection✨ Some stories can contain mature contents❗️ both Unicode and Zawgyi Written by Helios ..............................